Monday, November 24, 2014

မက်ဆီကိုခေါ်ယူမည်ဟု အာဆင်နယ်ဆို

ဘာစီလိုနာအသင်း၏ ထိပ်တန်း လူငယ်ကစားသမားများကို ခေါ်ယူ ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် တိုက်စစ်မှူးလီယွန်နယ်မက်ဆီအား စာချုပ်ရန်ကြိုးစားနေကြောင်း အာဆင်နယ် နည်းပြဝင်းဂါးက အတည်ပြုပြော ကြားလိုက်သည်။ ''မက်ဆီဟာ အသက် ၁၅ နှစ်ကတည်းက ဂျရတ်၊ ပီကေး၊ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်တို့နှင့်အတူ ကစားခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖာဘရီဂတ်စ်ကို ခေါ်ယူနိုင်ခဲ့သလို မက်ဆီကိုလည်း ခေါ်ယူဖို့ကြိုးစား နေပါတယ်''ဟု အာစင်ဝင်းဂါးက ပြောသည်။ ဖာဘရီဂတ်စ်သည် ဘာစီလိုနာသို့ ပြန်မပြောင်းမီ အာဆင်နယ်၌ ရှစ်နှစ်ကြာကစားခဲ့ သူဖြစ်သည်။

ထိုအတောအတွင်း ပီကေးသည် ၂ဝဝ၄ ခုနှစ်က မန်ယူသို့ပြောင်းခဲ့သည်။ အသက် ၂၇ နှစ်ရှိ မက်ဆီသည် ဘာစီလိုနာနှင့်အတူ လာလီဂါ ဖလားခြောက်လုံး၊ ချန်ပီယံလိဂ်ဖလား သုံးလုံးဆွတ်ခူးခဲ့သည်။

ကောင်းမြတ်သူ-စုစည်းသည်

Myanmaalinn

No comments:

Post a Comment