Saturday, November 1, 2014

ခေတ်မမီတော့သည့် မူဝါဒများကြောင့် ပြည်သူ့ကျန်းမာရေး ပိုမိုဆိုးရွားစေဟု MSF သတိပေး

မြန်မာနိုင်ငံအပါအ၀င် တီဘီရောဂါအကြီးအကျယ်ခံစား နေရသော နိုင်ငံများတွင် ဆေးယဉ်ပါး တီဘီရောဂါ ကုသရာ၌ ခေတ်မမီတော့သည့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကြောင့် ပြည်သူ့ကျန်းမာရေးအကျပ်အ တည်းကို ပိုမိုဆိုးရွားစေကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)က သတိပေးချက်ထုတ်ပြန် လိုက်သည်။

နယ်စည်းမခြားဆရာဝန် များအဖွဲ့(MSF) ထုတ်ပြန်ချက်ကို ယခုနှစ်အောက်တိုဘာ ၃၀ ရက်တွင် စပိန်နိုင်ငံ ဘာစီလိုနာ မြို့၌ ကျင်းပခဲ့သည့် (၄၅)ကြိမ် မြောက် အဆုတ်ကျန်းမာရေးဆိုင် ရာကမ္ဘာ့ညီလာခံတွင် တင်ပြခဲ့သည့် Out of Stepအစီရင်ခံစာ၌ ထည့်သွင်းထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

‘‘ကိုယ့်ကိုယ်ကိုယ်အဟုတ် ကြီးထင် ကျေနပ်အားရနေမယ့် အချိန်မဟုတ်ပါဘူး။ အရင်ဆိုဗီယက် ပြည်ထောင်စု နိုင်ငံကအချို့ ပြည်နယ်တွေမှာဆိုရင် ဆေးမျိုးစုံ ယဉ်ပါးတီဘီလူနာတွေရဲ့ သုံး ယောက်မှာ တီဘီဆေးတစ်ခါမှ မသောက်ဖူးပေမယ့် ဆေးမျိုးစုံ ယဉ်ပါးတီဘီဖြစ်နေတဲ့အတွက် ဒီ ရောဂါပိုးဟာ တစ်ဦးကနေ တစ်ဦးကို တိုက်ရိုက်ကူးစက်ပြန့်ပွားနေ တယ်ဆိုတာ ပြသနေပါတယ်’’ဟု MSFအိန္ဒိယ၏ ဆေးဘက်ဆိုင်ရာ ကပ်ရောဂါဗေဒပညာရှင်ဒေါက် တာပီထရော့စ်အီဆာကီဒစ်ကဆို သည်။

MSFသည် မြန်မာနိုင်ငံအပါအ၀င် တီဘီရောဂါအကြီးအ ကျယ်ခံစားနေရသော နိုင်ငံရှစ်ခု တွင် အဓိက ကျသည့် ညွှန်းကိန်း များ လေ့လာကြည့်ရာတွင် အ ဆိုပါ ကပ်ရောဂါဆိုးကို ထိန်းချုပ်ရန်ဆောင်ရွက်ရာ၌ နိုင်ငံတ ကာအသိအမှတ်ပြုထားသည့်  လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု မရှိဘဲ စံမမီဖြစ်နေသည့်အတွက်  ဆေးယဉ်ပါးတီဘီရောဂါမျိုးစုံကို အထိန်းအကွပ်မဲ့ ပြန့်ပွားစေ ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြခဲ့သည်။

အထက်ပါနိုင်ငံများ၏ အ မျိုးသားစီမံကိန်းရှစ်ခုအနက် ငါးခု သည် ရန်ပုံငွေလိုအပ်ချက်ဆိုးဆိုး ရွားရွားနှင့် ရင်ဆိုင်နေရပြီး မြန် မာ၊ ဇင်ဘာဘွေနှင့် ကင်ညာနိုင်ငံ တို့သည် လိုအပ်သည့်ရန်ပုံငွေ၏ ငါးဆယ်ရာခိုင်နှုန်း ကိုသာ ရရှိနေ ကြောင်းသတင်းထုတ်ပြန်ထား သည်။

‘‘ဆေးကုသမှုနည်းအသစ် တွေ၊ အလားအလာကောင်းတဲ့ ကုသနည်းတွေကို လူနာတွေ လက်လွှတ်ဆုံးရှုံး နေရပါတယ်။ ဆေးကုသနည်းတွေ မြန်မြန်လက် လှမ်းမီရောက်ဖို့အတွက် ရန်ပုံငွေ တွေထောက်ပံ့ရမယ့် အချိန်ပါပဲ’’ ဟု MSF Campaign TBအကြံ ပေးအရာရှိ ဂရာနီယာဘရစ်က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဆေး ယဉ်ပါးတီဘီလူနာသစ် ၈,၀၀၀ခန့်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ကြီး (WHO) က ခန့်မှန်းထားပြီး လက်ရှိတီဘီတိုက်ဖျက်ရေးကြိုး ပမ်းအားထုတ်မှုများဆက်လက်  အားကောင်း နေရန် အရေးကြီးသ ကဲ့သို့  တီဘီရောဂါကို နိုင်ငံတော်၏ တုံ့ပြန်ဆောင်ရွက်မှုအဖြစ် တိုးမြှင့်စေရန် လုံလောက်သည့်ရန်ပုံငွေရရှိရန် အရေးကြီးနေကြောင်း MSFက တိုက်တွန်းထားသည်။

7Day DAILY 

No comments:

Post a Comment