နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် NBF အဖွဲ့ဝင် နိုင်ငံရေးပါတီများ အစည်းအဝေး ဆုံးဖြတ်ချက်ကို ကိုကားပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသောကြောင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“နှစ်မကုန်မီ လက်ကျန် နှစ်လအတွင်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ လိုတယ်။ ဘာလို့လဲဆို အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်မှ ဖြစ်မယ်” ဟု ၎င်းက ရှင်းပြသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ခြောက်ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ထားပြီး ဖြစ်သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်း အပြီးသတ် ရေးဆွဲနိုင်ခြင်း မရှိသေးပေ။
ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူ ခြောက်ချက်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါဆောင်ရွက်ရန် ဆိုသည့် အချက် အပါအဝင် အချို့အချက်များကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အဟန့်အတား ဖြစ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်များဘက်က ထောက်ပြ ပြောဆိုထားသည်။
ထိုအပြင် အောက်တိုဘာ ၃၁ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NBF ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း တွေ့ဆုံစဉ် တပ်မတော် ငြိမ်းချမ်းရေးမူ ခြောက်ရပ်ကို ပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းခဲ့ကြောင်း NBF ထံမှ သိရသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment