Tuesday, November 25, 2014

ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေစိုက်နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်

ဗုဒ္ဓဘာသာ သာသနာ ကို စော်ကားပြောဆိုခဲ့သည့် ထင်လင်းဦး (Wisdom Villa)၊ စာပေဟောပြောပွဲ စီစဉ်သူနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့အား ရှုတ်ချ ကြောင်းနှင့် ပြင်းထန်စွာအရေးယူ ပေးရန် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသား ရေးအင်အားစု အဖွဲ့အစည်းများ က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

အောက်တိုဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေး ရွာတွင်ပြုလုပ်ခဲ့သည့် ဦးဝိစာရ ဂုဏ်ပြုစာပေဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြား ရေးအဖွဲ့ဝင် ဦးထင်လင်းဦး၏ ဟောပြောချက်များသည် ဘာသာ၊ သာသနာကို စော်ကားသည့် အတွက် ဟောပြောသူ ဦးထင်လင်းဦး၊ ဟောပြောပွဲစီစဉ်သူ ဦးမျိုးဝင်းနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လက်ခုပ်တီးအားပေးသော ပရိသတ် များကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း မန္တလေးအခြေ စိုက်နိုင်ငံရေးပါတီကိုးခုနှင့် အမျိုး သားရေးအင်အားစုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ပြည်ထောင် စုငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ က နိုဝင်ဘာ ၂၄ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

တ.စ.ည ပါတီ၊ NDF ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် နိုင်ငံရေးပါတီကိုးခုပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲဖြစ် မြောက်ရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် အစွမ်းကုန်မိုက်ရိုင်းယုတ်မာစွာ၊ ယုတ်မာရိုင်းစိုင်းစွာ စသည့် ကြိယာဝိသေသနများသုံးနှုန်းထားပြီး ဦးထင်လင်းဦး၏ ဟောပြောချက်များ သည် ဗုဒ္ဓဘာသာဝင်မြန်မာပြည် သူများအား စော်ကားထားကြောင်း၊ဘာသာရေးပြဿနာကို နိုင်ငံရေးအတွင်းသို့ ဆွဲသွင်းလာပြီး ကြီးမားသော ပြဿနာတစ်ရပ်ဖန်တီးနေသည် ဟု ယုံကြည်ကြောင်း ရေးသားဖော်ပြထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုထား သည်။

၎င်းတို့ကော်မတီအနေဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်မည် မဟုတ်ဘဲ သက်ဆိုင်ရာတာဝန်ရှိ သူများက ဥပဒေအရ ထိရောက် စွာအရေးယူပေးရန် တောင်းဆို ခြင်းသာဖြစ်ကြောင်း ပြည်ထောင် စုငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ဝင်းက ပြောသည်။

စာပေဟောပြောပွဲတွင် ဘာသာ၊ သာသနာအား စော် ကားပြောဆိုမှုများပြုလုပ်ခဲ့သည် ဟုဆိုကာ စာရေးဆရာထင်လင်း ဦးအား ချောင်းဦးမြို့နယ် တရား ရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ဦးစီးမှူးက တရား လိုပြုလုပ်ကာ နိုဝင်ဘာ ၂၀ ရက် ၌ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးထင်လင်းဦး၏ ဟော ပြောချက်များသည် ၎င်း၏ ကိုယ် ပိုင်ဟောပြောချက်များသာဖြစ် ကြောင်း ထုတ်ပြန်ကြေညာထား သည်။

ဦးထင်လင်းဦးက ၎င်း၏ ဟောပြောချက်များသည် သံဃာ ထုအား ပြစ်မှားစော်ကားလိုသော ရည်ရွယ်ချက်ဖြင့် ပြောကြားခဲ့ ခြင်းမဟုတ်ကြောင်း၊ သို့သော် ပြင်းထန်သော စကားလုံးအသုံးအနှုန်းများ သုံးနှုန်းဟောပြောမိ သည့်အတွက် ဆရာတော်၊ သံဃာတော်များအား ဝန်ချ တောင်းပန်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

ဆရာတော်၊ သံဃာတော် များက ခေါ်ယူစစ်မေးဆုံးမမည်ဆို လျှင် လာရောက်ခံယူမည်ဖြစ် ကြောင်းနှင့် ၎င်း၏ ပြောစကား များအတွက် တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း ဦးထင် လင်းဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

7Day DAILY

No comments:

Post a Comment