Wednesday, December 31, 2014

29.12.2014 မှ 4.1.2015 ထိ ၇ ရက်ဟောစာတမ်း

တနင်္ဂနွေ 

နှစ်သစ်မှာ စိတ်သစ် လူသစ် စွမ်းအားသစ်တွေနှင့်သင်အောင်မြင်မှုရပါလိမ့်မည်။ ရန်သူကလည်း မိတ်ဆွေဖြစ်လို့ မိတ်ဆွေ သူငယ်ချင်းကလည်းချစ်သူဖြစ်လာပါလိမ့်မည်။ အချစ်ရေးအဆင်ပြေ၍ လက်ထပ်ပွဲဖြစ်ကိန်းရှိပါသည်။ ပြီးလျှင် ချစ်သူနှင့်ခွဲခွာပြီး ခရီးထွက်ရပါလိမ့်မည်။ အလုပ်ရာထူးတက်ရမည်။ ပြောင်းရွှေ့မှုဖြစ်မယ်။ ငွေဝင်မယ်။ ရွှေ၊ စက်၊ မြေတို့ဝင်မယ်။ ထွက်နေသောပစ္စည်းများလည်းပြန်ဝင်လာမယ်။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၇။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - တနင်္ဂနွေနံနက်မှာ အိမ်ဘုရားကိုအောင်သပြေ ၁၉ ညွန့်ကပ်လှူပါ။

တနင်္လာ

ပြောသလိုဖြစ်မည်။ လုပ်သလိုဖြစ်မည်။ အကြောင်းကောင်း၍အကျိုးပေးကောင်းလာမည်။ နှစ်သစ်မှာ သင်ဝမ်းသာ စရာကြုံမှာပါ။ ထီပေါက်ကိန်းလည်းရှိတာမို့ထီထိုးလိုက်ပါဦး။ ၂၊ ၄၊ ၈ ဂဏန်းကိုရှေ့ဆုံးမှာထားထိုးပါ။ က၊ ခ၊ ဂ၊ ဃ၊ င အက္ခရာကိုထိုးပါ။ ဘုမ္မိကျသောအနောက်တောင်အရပ်ကဆိုင်တော့ မထိုးလိုက်နှင့်။ ကြီးဒေါ် အမေ တို့ကိစ္စတွေ ဆောင်ရွက်ရတတ်ပါတယ်။ ခြေ လက်အပူလောင်ခြင်း ခိုက်မိခြင်းတွေဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေး အဆင်ပြေပါ တယ်။ စီးပွားရေးနှင့်အလုပ်အကိုင်အခြေအနေကောင်းပါတယ်။ ခရီးယာယီတော့ရောက်မယ်။

အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - တနင်္လာနံနက်တွင် ငါးအရှင်သက်စေ့ဝယ်လွှတ်ပါ။

အင်္ဂါ

ငါသိ ငါတတ် ငါဆရာလုပ်တတ်ပြီး ဦးဆောင် ဦးရွက်ပြုတတ်သူဖြစ်၍ အရာရာမှာထင်ပေါ်သူဖြစ်လာပါလိမ့်မယ်။ အောင်မြင်မှုတွေလည်းရမယ်။ ချစ်သူတွေလည်းအသစ် အသစ်တွေများလာမယ်။ လက်ဆောင်ပစ္စည်းလေးတွေလည်း ရလာမယ်။ အခက်အခဲ အတိုက်အခံတွေကျော်လွှားဖြစ်မယ်။ ငွေများစွာဝင်ပါလိမ့်မယ်။ အမွေ (သို့) ငွေကြေး၊ တိုက်တာဝင်ပါမယ်။ ယာဉ်၊ စက်တို့ပြောင်းလဲမှု ဝင်၊ ထွက်မှုဖြစ်မယ်။ အလုပ်အကိုင်ကောင်းပါတယ်။ အောင်မြင်သူ ဖြစ်လာပါမယ်။

အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - အင်္ဂါနံနက်တွင် အိမ်ဘုရားကိုအောင်သပြေ ၁၉ ညွန့်၊ အုန်း ၆ ညွန့်ကပ်၍ ဆုတောင်းပါ။

ဗုဒ္ဓဟူး

ရယ်စရာလေးတွေက အမှတ်တရဖြစ်လာပြီး အမှတ်တမဲ့ကလည်း အမှတ်တရတွေဖြစ်လာပါလိမ့်မယ်။ ကံကောင်းပါ တယ်။ နှစ်သစ်ကူးမှာ ပျော်ရွှင်စရာတွေအပြည့်နှင့်ပါ။ ပညာရေးအောင်မြင်မှု၊ အချစ်ရေးအဆင်ပြေမှု၊ အလုပ်အကိုင် တိုးတက်မှုနေရာကောင်းပြောင်းရမှု၊ ခရီးဝေးသွားရမှုဖြစ်လာ ပါလိမ့်မည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်ပါ တယ်။ ရန်သူက မိတ်ဆွေဖြစ်လာမယ်။ ခက်ခဲသောအရာကလွယ်ကူသောကိစ္စတွေဖြစ်လာမယ်။ ငွေဝင်မယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ အောင်မြင်လာမယ်။

အကျိုးပေးဂဏန်း - ၄၊ ၉၊ ၆။

အထူးဟော - ကံကောင်းပါတယ်။

ယတြာ - ဗုဒ္ဓဟူးနံနက်တွင်တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်လှူပါ။

ကြာသပတေး

ရည်ရွယ်ချက်အတိုင်းအောင်မြင်မှုရသောအချိန်ကာလဖြစ်ပါတယ်။ စွမ်းဆောင်မှု ထိုးဖောက်မှု အောင်မြင်မှုတွေ မုချရပါမယ်။ အလုပ်ကိစ္စပိုများလာမယ်။ ဝင်ငွေလည်းပိုများလာမယ်။ အခက်အခဲ အတိုက်အခံတွေလည်း ကျော်လွှား ဖြစ်မယ်။ ချစ်သူရဲ့အထင်လွဲမှုမှပြေပျောက်ပါလိမ့်မယ်။ စကားပြောဆင်ခြင်ပါ။ မရောက်ဖူးသောခရီး၊ မပေါင်းဖူးသော မိတ်ဆွေများတွေ့ရမယ်။ စကားပြောဆင်ခြင်ပါ။ ကျန်းမာရေးချူချာမှုများပြန်ကောင်းလာမယ်။ ထီထိုးပါ။ ထီပေါက်မည် ၅ စ ၅ ပိတ်ထိုးပါ။

အကျိုးပေးဂဏန်း - ၅၊ ၀၊ ၂။

အထူးဟော - ကံကောင်းပါပြီ။

ယတြာ - ကြာသပတေးနံနက်တွင် အိမ်ဘုရားကိုအောင်သပြေ ၁၉ ညွန့်ကပ်ပါ။

သောကြာ

စိတ်လေနေမည်။ တယူသန် တဇွတ်ထိုးလုပ်မိမည်။ လုပ်သမျှလည်းအောင်မြင်မှုရမည်။ လွတ်လပ်မှုလိုလားသည်။ ချုပ်ချယ်တာမကြိုက်ပါ။ အပေါင်းအသင်းဂရုစိုက်ပါ။ အပေါင်းအသင်းမှားတတ်ပါသည်။ ငွေကြေးဝင်မည်။ စီးပွားတက် မည်။ အလုပ်ရာထူးတက်မည်။ စက်၊ ရွှေ တို့ဝင်မည်။ ခရီးဝေးတွေရောက်မည်။ လက်ဆောင်ရမည်။ အချစ်ရေးမှာ ကျော်တော့လှေသူကြီး ငြားတော့လှေထိုးသား ဆိုသလိုဖြစ်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးဖြစ်အောင်ထိုးပါ။ အရှေ့တောင်အရပ်က ဘုမ္မိကျ၍မထိုးနှင့်။ ၃ စ ၃ ပိတ်ထိုးပါ။ သ၊ ဟ အက္ခရာကိုထိုးပါ။

အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။

အထူးဟော - ကံကောင်းလာမည်။

ယတြာ - သောကြာနေ့နံနက်တွင် အုန်းဆွမ်းနှင့်အကြော် ၆ ခုကပ်လှူပါ။ ဆုပန်ပါ။

စနေ

ဝေဖန်ပြီးမှယုံ၏။ လက်တွေ့သမားဖြစ်သည်။ မိဘသားချင်းပေါ်ငဲ့သည်။ ချစ်သည်။ ရည်ရွယ်ချက်ကြီးသည်။ အဝေး

ခရီးတွေရောက်မည်။ စာမေးပွဲအောင်မြင်မည်။ အလုပ်ရမည်။ ထီပေါက်မည်။ ၇ စ ၇ ပိတ်ထိုးပါ။ တ၊ ထ၊ ဓ၊ ဒ၊ န အက္ခရာဖြင့်ထိုးပါ။ မြောက်အရပ်ဘုမ္မိကျ၍မထိုးပါနဲ့။ တောင်အရပ်ကဆိုင်ကိုထိုးပါ။ အချစ်ရေးကံကောင်းမည်။ လက်ထပ်ရကိန်းမြင်သည်။ စီးပွားရေး အလုပ်အကိုင်ကောင်းသည်။ အပေါင်းအသင်းများလာမည်။ အသိုင်းအဝိုင်း ကောင်းမည်။

အကျိုးပေးဂဏန်း - ၇၊ ၀၊ ၂။

အထူးဟော - အောင်မြင်ပါသည်။

ယတြာ - စနေနေ့နံနက်တွင် စနေနံဘုရားကို ထီးအနီ ၇ လက်လှူပါ။

ရွှေမြန်မာမီဒီယာ

No comments:

Post a Comment