Saturday, December 13, 2014

ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်


Photo: ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်
Saturday, December 13, 2014

တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေး ဆန္ဒပြသမားများ နှစ်လကျော်ကြာ သိမ်းပိုက်ထားသည့် အဓိက ဆန္ဒပြနေရာများကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း ၂၅၀ ခန့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိန်းသိမ်းခဲ့သည်။

ယင်းကဲ့သို့ ထိန်းသိမ်းခံရသူများထဲတွင် ဂျင်မီလိုင် ပါဝင်ပြီး သောကြာနေ့တွင် ထိန်းသိမ်းထားသူ အားလုံးကို ရဲက ပြန်လွှတ်ပေးလိုက်ကြောင်း RTHK သတင်းတွင် ဖော်ပြထားသည်။

လိုင်သည် ကိုယ့်အားကိုယ်ကိုးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ ဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။

“ပန်းသီးသတင်းစာ အယ်ဒီတာချုပ် ရာထူးကနေ လိုင် နုတ်ထွက်သွားပါတယ်။ သူ့နေရာမှာ Next မီဒီယာ အကြီးအကဲ ယူကင် တာဝန်ယူမှာပါ” ဟု ပန်းသီးသတင်းစာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Next မီဒီယာသည် Next မဂ္ဂဇင်းနှင့် ဒီမိုကရေစီရေး တောင်းဆိုရေးသားလေ့ ရှိသည့် ပန်းသီးသတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာဖြစ်သည်။

လိုင်ကို ဟောင်ကောင် အကျင့်ပျက်လာဘ်စားမှု အေဂျင်စီက ယခုနှစ်အတွင်း စစ်ဆေးလျက်ရှိပြီး သြဂုတ်လတွင် ၎င်း၏ နေအိမ်ကို အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

၁၉၈၉ ခုနစ် တီအန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း ဘေဂျင်းအာဏာပိုင်များကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ရပ်တန့်နိုင်လိုက်ပြီး ဟောင်ကောင်မြို့လယ် အတ်မော်ရယ်လ်တီ ဒေသရှိ အဓိက လမ်းမများကို ပြန်လည် ဖွင့်လှစ်နိုင်လိုက်သည်။

ဆန္ဒပြမှုများကြောင့် အရောင်းအဝယ် ထိခိုက်ခဲ့ရသည့် ဈေးဆိုင်ပိုင်ရှင်များက လမ်းမများ ပြန်လည်ဖွင့်လှစ်နိုင်မှုကို ကြိုဆိုလိုက်သည်။

The Voice Weekly
တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ် သတင်း စာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေး ဆန္ဒပြသမားများ နှစ်လကျော်ကြာ သိမ်းပိုက်ထားသည့် အဓိက ဆန္ဒပြနေရာများကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း ၂၅၀ ခန့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိန်းသိမ်းခဲ့သည်။

ယင်းကဲ့သို့ ထိန်းသိမ်းခံရသူများထဲတွင် ဂျင်မီလိုင် ပါဝင်ပြီး သောကြာနေ့တွင် ထိန်းသိမ်းထားသူ အားလုံးကို ရဲက ပြန်လွှတ်ပေးလိုက်ကြောင်း RTHK သတင်းတွင် ဖော်ပြထားသည်။

လိုင်သည် ကိုယ့်အားကိုယ်ကိုးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ ဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။

“ပန်းသီးသတင်းစာ အယ်ဒီတာချုပ် ရာထူးကနေ လိုင် နုတ်ထွက်သွားပါတယ်။ သူ့နေရာမှာ Next မီဒီယာ အကြီးအကဲ ယူကင် တာဝန်ယူမှာပါ” ဟု ပန်းသီးသတင်းစာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Next မီဒီယာသည် Next မဂ္ဂဇင်းနှင့် ဒီမိုကရေစီရေး တောင်းဆိုရေးသားလေ့ ရှိသည့် ပန်းသီးသတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာဖြစ်သည်။

လိုင်ကို ဟောင်ကောင် အကျင့်ပျက်လာဘ်စားမှု အေဂျင်စီက ယခုနှစ်အတွင်း စစ်ဆေးလျက်ရှိပြီး သြဂုတ် လတွင် ၎င်း၏ နေအိမ်ကို အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

၁၉၈၉ ခုနစ် တီအန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း ဘေဂျင်းအာဏာပိုင်များကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ရပ်တန့်နိုင်လိုက်ပြီး ဟောင်ကောင်မြို့လယ် အတ်မော်ရယ်လ်တီ ဒေသရှိ အဓိက လမ်းမများကို ပြန်လည် ဖွင့်လှစ်နိုင်လိုက်သည်။

ဆန္ဒပြမှုများကြောင့် အရောင်းအဝယ် ထိခိုက်ခဲ့ရသည့် ဈေးဆိုင်ပိုင်ရှင်များက လမ်းမများ ပြန်လည်ဖွင့်လှစ် နိုင်မှုကို ကြိုဆိုလိုက်သည်။

The Voice Weekly

No comments:

Post a Comment