Monday, December 22, 2014

အနည်းဆုံးအခကြေးငွေနှုန်း ဘုံသဘောတူညီမှုရရန် အကြံပြုချက်များ တစ်လအတွင်း တင်သွင်းရမည်

အနည်းဆုံး အခကြေး ငွေနှုန်းထား ဘုံသဘောတူညီမှု ရရန် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တစ်လအတွင်း အကြံပြုချက်အဆိုတင်သွင်း ရမည်ဖြစ်ကြောင်း အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

‘‘ဇန်န၀ါရီလထဲမှာ လုပ်ငန်း ပေါင်းစုံက အလုပ်ရှင်ရော၊ အ လုပ်သမားရော ကျွန်တော်တို့ ဘယ်လိုအခြေအနေရှိလဲ အကြံ ပေးတင်ပြပါ။ တစ်လအတွင်း ဆွေးနွေးဖို့ အချိန်ရပါတယ်။ အဲဒီ အခါကျရင်  အလုပ်ရှင်ရော၊  အလုပ်သမားဘက်ကရော တက် လာမယ်။ အဲဒါပြီးရင်နောက် အ စည်းအဝေးမှာ သုံးပွင့်ဆိုင်ထပ် ဆွေးနွေးမယ်’’ဟု ၀န်ကြီးဦးအေး မြင့်က ပြောသည်။



ပြည်တွင်း လုပ်ငန်းနယ်ပယ် စုံရှိ အလုပ်သမားများ၏ လုပ်ခ လစာများကို အနိမ့်ဆုံး လုပ်ခလ စာတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် အစိုးရမှ အနည်းဆုံးအခကြေးငွေ နည်းဥပဒေပြဋ္ဌာန်းပြီး နှုန်းထား သတ်မှတ်ရန် ဆောင်ရွက်လျက် ရှိသည်။ သို့သော် ဥပဒေထွက်ပြီး တစ်နှစ်ကျော်ကာလအထိ နှုန်း ထားအတည်ပြုသတ်မှတ်မှုအ ပေါ် အလုပ်ရှင်၊ အလုပ်သမား ပြေ လည်မှု မရရှိသေးပေ။


ထို့ကြောင့် ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် အလုပ်သမားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  အလုပ်ရှင်၊  အလုပ်သမား နှစ်ဖက်ကိုယ်စားလှယ် များနှင့် သီးခြားတွေ့ဆုံခဲ့သည်။  အဆိုပါ တွေ့ဆုံမှုတွင် အလုပ်သမား ကိုယ်စားလှယ်များက အလုပ်ချိန် ၈ နာရီအတွက်တစ်ရက်လျှင် ငွေကျပ်သုံးထောင်မှ ခုနစ်ထောင်ကျပ်အထိ လုပ်ငန်းအလိုက်သတ်မှတ်ကာ အနိမ့်ဆုံး လခအဖြစ်ပေးရန် တောင်းဆိုခဲ့ သည်။

သို့သော် အလုပ်ရှင်ဘက်မှ ကုန်ထုတ်စွမ်းအား၊ အော်ဒါအ တက်အကျနှင့်  လုပ်သားများ ကျွမ်းကျင်မှုအားနည်းခြင်းတို့ ကြောင့် ၎င်းတို့တောင်းဆိုသည့် နှုန်းထားအတိုင်းပေးရန် ခက်ခဲ ကြောင်း  တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့အပြင်  အလုပ်ရှင်ကိုယ်စား လှယ်အချို့ ကလက်ရှိအစိုးရသည် မြေပြင်ကွင်းဆင်း၍  နေထိုင်မှုကုန်ကျစရိတ်တွက်ချက်မှု စာရင်းဇယားပေါ်မူတည်၍ သတ်မှတ်မည်ဟု ပြောဆိုခဲ့ကြသည်။

‘‘အလုပ်ချိန် ၈ နာရီကိုလည်း သဘောတူပါတယ်။ အနိမ့်ဆုံးသတ်မှတ်ချက်ကို စာရင်းတွေကောက်ပြီးမှ သတ်မှတ်ဆွေးနွေးချင်တယ်။ လူတစ်ယောက်ရဲ့ နေနိုင်၊ စားနိုင်မှုအပေါ်မှာ ငွေကြေးသဘောတူမှုကို လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်လောက်သတ်မှတ်ပါမယ်ဆိုတာ မတင်ပြပါဘူး’’ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။

လာမည့် ၂၀၁၅  ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတို့တွင် အနည်းဆုံးအခကြေးငွေနှုန်းထားသတ်မှတ်နိုင်ရန် ပြည်နယ်တိုင်းဒေသများမှ စစ်တမ်းကောက်ယူမည့် အဖွဲ့များက အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နေထိုင်မှုကုန်ကျစရိတ်ကို မြေပြင်ကွင်း ဆင်းကောက်ခံခြင်းစသည် တို့ကိုနှစ်လအတွင်း အပြီးသတ် ကောက်ခံသွားမည် ဖြစ်သည်။

7 Day Daily

No comments:

Post a Comment