Monday, December 22, 2014

ပြည်တွင်း ခေါ်ဆိုခအပြင် ပြည်ပခေါ်ဆိုခပါ ပြင်ဆင်မည်ဟု ဆက်သွယ်ရေးပြော

ဖုန်းခေါ်ခနှုန်းထားများ ပြင်ဆင်ရာတွင် ပြည်တွင်းခေါ်ဆိုမှုသာမက ပြည်ပခေါ်ဆိုခနှုန်းထားများကိုပါ ပြင်ဆင်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

”အားလုံးကို ပြင်ဆင်သွားမှာပါ။ နှုန်းထားတွေကတော့ ထုတ်ပြန်မှပဲ ပြောနိုင်မှာပါ။ အခုအခြေအနေ ကလည်း ဒီအတွက်ကိုပဲ ဦးစားပေးလုပ်နေပါတယ်”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ခေါ်ဆိုခ ပြင်ဆင်မှုအား လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ကူးအမီ လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း တန် ဖိုးနည်းငွေဖြည့်ကတ်များကို လည်း တစ်ပါတည်း ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။


ပြည်ပခေါ်ဆိုခနှုန်းထားတွေအပြင် ခေါ်ဆိုလို့ ရ မယ့်နိုင်ငံတွေ၊ Roaming ရတဲ့ နိုင်ငံတွေကိုပါတိုး ချဲ့ပေးမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ ပြည်ပနိုင်ငံများအားခေါ်ဆိုနိုင်မှု အပြင်နိုင်ငံပေါင်း ၂၆ဝ ကျော်ကို အပြန်အလှန်ဆက်သွယ်ပြော ဆိုနိုင်ပြီးသယ်ဆောင်အသုံးပြုနိုင်မှုအဖြစ်နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် အသုံးပြုနိုင်ကြောင်း၊ ပြည်ပအော်ပရေတာပေါင်း ၈၅နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။ ပြည်ပဖုန်းခေါ်ဆိုမှုအဖြစ် GSM, CDMA 450 နှင့် CDMA 800 MHz ဖုန်းများအသုံးပြုနိုင်ပြီး သယ်ဆောင် အသုံးပြုနိုင်မှု (Roaming) အဖြစ် GSM တစ်မျိုးတည်းသာအသုံးပြုနိုင်ကြောင်း သိရသည်။

ပြည်ပဖုန်းခေါ်ဆိုခနှင့် ပတ်သက်၍ ဟန်းဆက်တင်သွင်းမှု ယုဇနပလာဇာမှကိုမင်းမင်းက elenor နှင့် Ooredoo ဖုန်းတွေတောင် ဘယ်ဈေးရှိလဲဆိုတာ အားလုံးသိတယ်။ လက်ရှိဈေးနဲ့တော့ ဘယ်သူမှခေါ်မှာ မဟုတ်ဘူး။ ကွန်ရက်အများကြီးရှိတဲ့ အော်ပရေတာ အနေနဲ့လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်နေပါပြီ”ဟု ပြောသည်။
လက်ရှိ အော် ပရေတာများ၏ ပြည်ပခေါ်ဆိုခနှုန်းများမှ Telenor နှင့် Ooredoo ကုမ္ပဏီများသည် အာဆီယံနှင့် အာရှနိုင်ငံအချို့ကို တစ်မိနစ်ခေါ်ဆိုခ ၂ဝဝကျပ်၊ SMS ၃ဝ ကျပ်၊ ကောက် ခံပြီး MPT ဖုန်းမှ တစ်မိနစ် ၉ဝဝ ကျပ် ကောက်ခံကြောင်း သက်ဆိုင်ရာအော်ပရေတာများထံမှ သိရသည်။

Popular

No comments:

Post a Comment