Tuesday, December 9, 2014

နိုင်ငံခြားဇာတ်ကားကူးခွေများ ရောင်းချသော ဆိုင်များကို ဖမ်းမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားဇာတ်ကားကူးခွေရောင်းချသော ဆိုင်များကို ရောင်းချခွင့်ပိတ် ထားပြီး ရောင်းချနေသော ဆိုင် များကို ဖမ်းသွားမည်ဟု သတင်း ရရှိသည်။

ခိုးကူးခွေများရောင်းချခြင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးမှ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ယခု လကုန်ပိုင်းတွင် တိုင်ကြားသည့် အတွက် အခွေကူးသည့်ပင်မဒိုင် များကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်မှူးတစ်ဦးကပြောသည်။

‘‘တိုင်းဒေသကြီးက အ ကြောင်းကြားထားတယ်။ ကူးခွေ ရောင်းချတဲ့ဆိုင်တွေဘယ်ဆိုင်မ ဆိုဖမ်းဆီးခိုင်းတယ်။ လမ်းဘေး မှာ ရောင်းနေတဲ့ဆိုင်တွေလည်း ရောင်းချတာမလုပ်ဖို့ အသိပေး ထားပါတယ်’’ဟု ၎င်းကဆိုသည်။

ယခင်က နိုင်ငံခြားခွေများ ဖမ်းဆီးရာတွင် လမ်းဘေးရောင်း ချသော ဆိုင်များကိုသာ အဓိက ဖမ်းဆီးခဲ့သည်။ ကုန်တိုက်များ မီနီမားကက် ဆိုင်များတွင်မူ ရောင်းချခြင်းများရှိသော်လည်း ယခုအချိန်တွင် ရောင်းချခြင်းမရှိ တော့ကြောင်း မရမ်းကုန်းမြို့နယ်၌ နေထိုင်သူ ကိုနိုင်စိုးကပြောသည်။‘‘အရင်ကတော့ ဖမ်းတယ် ဆိုရင်တောင် ကုန်တိုက်တွေမှာ ၀ယ်လို့ရသေးတယ်။ ခုတော့ သူတို့လည်း မရောင်းတော့တာ တစ် ပတ်ကျော်လောက်ရှိပြီပြောတယ်။ ဘာလို့မရောင်းတာလဲ မေးတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်’’ဟု ၎င်းကဆိုသည်။

ကူးခွေရောင်းချသူအချို့မှာ လည်း မည်သည့်အချိန်တွင် ပြန်လည်ရောင်းချခွင့်ပြုမည် မသိသေးသောကြောင့် အလုပ်ပြောင်းကာ လုပ်ကိုင်သူများလည်းရှိသည်ဟု ခွေရောင်းသူအချို့က ပြောသည်။

‘‘ဒိုင်တွေလည်း အဖမ်းခံရ တယ်ကြားတယ်။ အဲဒီတော့ခွေ လည်း ၀ယ်လို့မရဘူး။ ခွေဝယ်လို့ ရရင်တောင်မှ ဘယ်အချိန်ပြန် ရောင်းရမယ်ဆိုတာ မသိသေး တော့တချို့လည်း အလုပ်ပြောင်း လုပ်ကုန်တယ်’’ဟု ကမာရွတ်မြို့ နယ်အတွင်း ခွေရောင်းချသူအချို့ ကဆိုသည်။

ညစ်ညမ်းခွေများ၊ မြန်မာသီ ချင်းခွေများကိုရောင်ချခြင်းမပြု သော်လည်း နိုင်ငံခြားကားများကို မူရောင်းချခွင့်ပြုသင့်ကြောင်း၊ နိုင်ငံ ခြားတွင်လည်း ယခုကဲ့သို့ရောင်း ချသော ဆိုင်များရှိကြောင်း ကူးခွေရောင်းသူများကပြောသည်။

နိုင်ငံခြားကူးခွေ ရောင်းချ သော ပင်မဒိုင်များကို ကျောက် တံတားနှင့် သာကေတမြို့နယ် များတွင် ခွေကူးစက်များနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ဗီဒီယိုအက်ဥပဒေ အတိုင်း အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment