Wednesday, December 24, 2014

အယ်လ်ဂျီးရီးယားစစ်တပ်က ဂျီဟဒ်ခေါင်းဆောင်ကို အသေဖမ်းဆီး

ပြင်သစ်ကမ္ဘာလှည့်ခရီးသည် Herve Gourdel ကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဂျီဟဒ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အယ်လ်ဂျီးရီးယားတပ်မတော်မှ အသေဖမ်းဆီးရမိခဲ့သည်ဟု အယ်လ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဂျီဟဒ်ခေါင်းဆောင် Abdelmalek Gouri နှင့် သူ၏ အပေါင်းအပါနှစ်ဦးကို
အယ်ဂျီးရီးယားနိုင်ငံ Isser နယ် မြို့တွင် တနင်္လာနေ့က ပစ်ခတ်ဖမ်းဆီး
ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
Gouri ၏ Jund al-Khilafa အဖွဲ့သည် ပြင်သစ်၏ အိုင်အက်စ် လေကြောင်း
တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် Gourdel ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောဆိုထားပြီး ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို ဖြန့်ချိခဲ့သည်။

စက်တင်ဘာ ၁၄တွင် Jund al-Khilafa သည် AQIM မှ ခွဲထွက်ကာ အိုင်အက်စ်
ခေါင်းဆောင် Abu Bakr al-Baghdadi လက်အောက်တွင် သစ္စာခံခဲ့ပြီး AQIM
အစ္စလာမ်မစ်အဖွဲ့မှ အယ်လ်ကိုင်ဒါအဖွဲ့ဝင်ဟောင်းများ အဖွဲ့အတွင်း
အများဆုံးပါဝင်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များ၏ ပြောစကားများကို
သတင်းစာများက ကိုးကားဖော်ပြထားသည်။
အယ်လ်ဂျီးရီးယားစစ်တပ်သည် Jund al-Khilafa အဖွဲ့ဝင်များကို ရှာဖွေရန်
အတွက် အရေးကြီးစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
အယ်လ်ဂျီးရီးယားအရှေ့ဘက် ကီလိုမီတာ ၆၀(၃၇ မိုင်) အကွာရှိ မြို့ထဲသို့
စစ်သွေးကြွများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တစ်စီး ၀င်လာသည်ဟု
သတင်းရပြီးနောက် ဒေသစံတော်ချိန် ည ၁၀နာရီခွဲတွင် စစ်ဆင်ရေး
စတင်ခဲ့သည်။
စစ်ဆင်ရေးတွင် Gouri နှင့် အခြားအဖွဲ့ဝင် ၂ဦးကို သတ်ခဲ့ပြီးနောက်
တပ်သားများသည် မောင်းပြန်သေနတ် ၂လက်၊ လက်နက်ခဲယမ်းများနှင့်
မိုဘိုင်းဖုန်းများကို ရရှိခဲ့ပြီး အခြားသူများ ဒဏ်ရာရခြင်းမရှိခဲ့ဟု ဆိုသည်။
Gouri သည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစိုးရရုံးချုပ်နှင့် အယ်လ်ဂျီးရီးယားရှိ ကုလသမဂ္ဂရုံးကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သတ်နေသည်ဟု ပြောကြသည်။
ယမင်းအိမ်
Ref: BBC

No comments:

Post a Comment