Wednesday, December 24, 2014

၃၅နှစ်အရွယ် ခင်ပွန်းကို သတ်ခဲ့ကြောင်း နိုင်ဂျီးရီးယား ကလေးသတို့သမီးက ၀န်ခံ


နိုင်ဂျီးရီးယားသူ ကလေးသတို့သမီး ဖြစ်သူဟာ သူမရဲ့ အသက်၃၅နှစ်ရှိ ခင်ပွန်းကို ကြွက်သတ်ဆေးသုံးပြီး သတ်ခဲ့ကြောင်းကို စာမရေးတတ်တဲ့အတွက် လက်ဗွေနှိပ်ပြီး ၀န်ခံခဲ့ပါတယ်။ သူမရဲ့ခင်ပွန်း Umar Sani ဟာ မင်္ဂလာဆောင်ပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၄နှစ်သာရှိတဲ့ ကလေးသတို့သမီး Wasila Tasi’u ကို သေဒဏ်ပေးဖို့အတွက် တရားလိုတွေက ကြိုးစားနေကြပါတယ်။
Wasila Tasi’u ဟာ စာမရေးတတ်သလို ဆင်းရဲပြီး ရှေးရိုးစွဲဆန်တဲ့ မူစလင်မိသားစုက ဆင်းသက်လာသူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
အကယ်၍ Wasila Tasi’u သာ အပြစ်ရှိကြောင်း ထင်ရှားပါက သူမဟာ နိုင်ဂျီးရီးယားမှာ ၁၈နှစ်တာအတွင်း သေဒဏ်ပေးခံရတဲ့ ပထမဆုံးကလေးငယ် ဖြစ်လာပါလိမ့်မယ်။ သူမကို အနိုင်ကျင့်ခံရသူ တစ်ယောက် အဖြစ်သာ မြင်ကြောင်း၊ သူမရဲ့ ပြုမူမှုအတွက် ယခုလို သေဒဏ်ပေးမည်ဆိုသည်မှာ ရက်စက်ကြမ်းကြုတ် ရာ ကျကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဖော်ပြကြပါတယ်။
ဤအမှုဖြစ်ပွားခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်မှာ ရှာရီယာ (အစ္စလာမ်) အစိုးရဥပဒေအရ ကလေးငယ် လက်ထပ်မှုကို ခွင့်ပြုထားပြီး သတို့သမီးတစ်ယောက်အတွက် အသက် ၁၄နှစ်ဆိုတာဟာ ပုံမှန်အသက်အရွယ်ပဲ ဖြစ်ပါတယ်။
Ref:Dailymail
Trend Myanmar

No comments:

Post a Comment