Wednesday, December 24, 2014

မန္တလေးတောင် ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ စိတ်ပါဝင်စားသူ များပြား

တတိယအကြိမ် မန္တလေး တောင်တက် Mountain Bike ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲကို လူစိတ်ဝင်စားမှုရှိလာပြီး ပြိုင်ပွဲ ဝင် ဦးရေ နှစ်စဉ်များပြားလာ ကြောင်း Mandalay Free Riders
Group(MFR)မှ သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး စတင်ကျင်းပသည့်နှစ်တွင် တောင်တက်Mountain Bike နှင့် တောင်ဆင်း Downhill ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ် ပြိုင်သူ ၁၃ဝ ဦးခန့်သာ ရှိခဲ့ကာ ယခုနှစ် ပြိုင်ပွဲနှစ်ရပ်လုံး စုစု ပေါင်း ပြိုင်ပွဲဝင်ဦးရေ နှစ်ရာ ကျော်လာပြီ ဖြစ်ကြောင်း Mandalay Free Riders Group မှ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။
''နိုင်ငံတကာမှာတော့ ဒီလို ပွဲတွေ အမြဲလုပ်တယ်လေ ဒီမှာက အဲ့ဒီလိုမရှိဘူး။ သူတို့ဖိတ်ခေါ်တာ တွေကိုပဲ သွားသွားပြိုင်နေရတယ်။ အဲဒါနဲ့ ဒီမှာလည်း လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကျင်းပတာ။ ဒါနဲ့ ပါဆိုရင် သုံးနှစ်ရှိပါပြီ နိုင်ငံခြား သားတွေတော့ မပါပါဘူး။ နိုင်ငံ တွင်း စက်ဘီးစီးသူတွေချည်းပါပဲ '' ဟု ၄င်းဆိုသည်။
ယခုနှစ်Mountain Bike ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၁၇ဝ ကျော်ခန့်ရှိပြီး တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူမှာ ၃ဝ ကျော် ခန့်သာရှိကာ မန္တလေး ၇၈ လမ်းDiamond Plaza မှ ပြိုင်ပွဲစတင်၍မန္တလေးတောင်တွင် အဆုံးသတ်မည် ဖြစ်သည်။

အဆိုပါပွဲသည် တောင်အ ဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ ကို အဓိကထား ပြိုင်ခြင်း ဖြစ် သော်လည်း ပါဝင်ယှဉ်ပြိုင်သည့် ဦးရေနည်းသဖြင့် မြေပြန့်စက်ဘီး စီးပြိုင်ပွဲကိုပါ ပူးတွဲကျင်းပရခြင်း ဖြစ်ကြောင်းMandalay Free Riders Group မှ ဥက္ကဋ္ဌ ဦးအောင် အောင်က ပြောသည်။
စက်ဘီးစီး ပြိုင်ပွဲဝင်သူများ၏ လုံခြုံရေးနှင့် လမ်းပိုင်းအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ကြော အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကျန်းမာရေးနှင့် မတော်တဆ ထိ ခိုက်မှုများအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ကြက်ခြေနီအသင်း နှင့် လူနာတင်ကား သုံးစီးတို့ကို ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်သည်။
Downhillူ ပြိုင်ပွဲတွင် Pro တန်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ထွန်းက Downhill ပြိုင်ပွဲက Master A၊ Master B နဲ့ Pro ဆိုပြီး သုံးမျိုးရှိတယ် ကျွန်တော်က Pro တန်းက ဝင်ရောက်ယှဉ်ပြိုင်
မှာပါ မြန်မာနိုင်ငံမှာ ဒီလိုပွဲလေး တွေ ရှိတာကောင်းတာပေါ့။ လူငယ်တွေလည်း လမ်းမှား မ ရောက်တော့ဘူး ''ဟု ပြောသည်။
ထို့အပြင် Huaweiမှ ကူညီ ပံ့ပိုးကာ ပြိုင်ပွဲများတွင် ဆုရရှိ သူများကို သက်ဆိုင်ရာဆုအလိုက် ဖုန်းများကို ဆုချီးမြှင့်သွားမည် ဖြစ်ပြီးMFR
မှလည်း ကံစမ်း မဲများစွာ မဲဖောက်ပေးသွားမည် ဖြစ်သည်။
ပြိုင်ပွဲတွင် အသက် ၄ဝ အောက် နှင့် အသက် ၄ဝ အထက် ဟူ၍ နှစ်မျိုးခွဲခြားထားပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ် ခေါ်ထားသော်လည်း မန္တလေးမြို့ တွင်းမှ စက်ဘီးစီးသူများသာ
လာရောက် ယှဉ်ပြိုင်ကြပြီး တခြား သော မြို့နယ်များမှ လာရောက် ယှဉ်ပြိုင်မည့်သူများ မရှိကြောင်း ဦးအောင်အောင်က ဆက်ပြော သည်။
တတိယအကြိမ် မန္တလေး တောင် Mountain Bike စက်ဘီး စီးပြိုင်ပွဲနှင့် တောင်အဆင်း လမ်းကြမ်းDownhill ပြိုင်ပွဲကို Mandalay Free Riders Group (MFR )မှ ကြီးမှူး၍ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်
မန္တလေးမြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment