Tuesday, December 9, 2014

ပီနန်မှ ၁၈ ဦးသေဆုံးမှု မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုနှင့် ဆက်နွှယ်ဟု ဆို

ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ကြသည့် မလေးရှား နိုင်ငံ ပီနန်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၁၅ ဦးကို မလေးရှားရဲများက ဖမ်းဆီးလိုက်သည်။

ယင်းသတ်ဖြတ်မှုသည် မြန် မာနိုင်ငံတွင်းမှ လူမျိုးရေးမတည် ငြိမ်မှုနှင့် ဆက်နွှယ်ပတ်သက်နေ မည်ဟု ယုံကြည်ကြောင်း သော ကြာနေ့က ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။

ပီနန်ပြည်နယ်တွင် ပြီးခဲ့ သည့် လပိုင်းအတွင်း အပိုင်းပိုင်း ဖြတ်ထားသည့် အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိရပြီး အနည်းဆုံး မြန်မာနိုင်ငံသား ၁၈ ဦးကို သတ်ဖြတ်ထားခြင်း ဖြစ်သည်။

မလေးအာဏာပိုင်များက ယခုအချိန်အထိ တစ်စုံတစ်ရာဝေ ဖန်ပြောဆိုမှု မပြုသေးသော်လည်း ယင်းသတ်ဖြတ်မှုများသည် မြန်မာနိုင်ငံတွင်းက မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား အကြမ်းဖက်မှုနှင့် ဆက်နွှယ်နေသည်ဟု ယုံကြည်ယူဆကြောင်း ပြည်နယ်ရဲမှူးက သောကြာနေ့၌ ပြောခဲ့သည်။

‘‘ဒါတွေကို မြန်မာနိုင်ငံသား တွေ ကျူးလွန်တယ်ဆိုတာ ကျွန် တော်တို့ ပြောနိုင်တယ်။ သူတို့နိုင် ငံက အမုန်းတရားတွေကို ဒီကို သယ်လာကြတာ’’ဟု ရဲမှူး အာပဒူရာဟင်ဟာနာဖီက ပြောဆိုကြောင်းမလေးမေးလ်က ဖော်ပြသည်။ ‘‘သူတို့နိုင်ငံက စလာတဲ့ပြဿနာတွေ အပေါ် လက်စားချေမှုတွေပါ’’။

ရဲအရာရှိများက စုံစမ်းစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ၎င်း က ပြောဆိုသည်။ ထုတ်ပြန်ချက် တွင် အသေးစိတ်အချက်များမပါ ၀င်ဘဲ ပီနန်ရဲအဖွဲ့သို့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။

၂၀၁၂ တွင် ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား အကြမ်းဖက်မှု များစတင်ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၂၀၀ ခန့်သေဆုံးပြီး ဘင်္ဂါလီ အများစုပါသည့် လူပေါင်းတစ် သိန်းလေးသောင်း နေရာရွှေ့ပြောင်းခဲ့ရသည်။

စီးပွားရေးအရများစွာ တိုးတက်နေသည့် မလေးရှားနိုင်ငံသို့ မြန်မာဒုက္ခသည်များနှင့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများ ၀င်ရောက်လာကြရာတွင် ဗုဒ္ဓဘာ သာဝင်များနှင့် ဘင်္ဂါလီတို့ပါဝင် ပြီး ၎င်းတို့နှင့်အတူ လူမျိုးရေးအ ငြိုးအတေးများကိုလည်း သယ် ဆောင်လာကြသည်။

မလေးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများအပြား အသတ်ခံခဲ့ရ ကြောင်း၊ ယင်းတိုက်ခိုက်မှုများကို မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံ၌ အာဏာပိုင် များက တားဆီးကာကွယ်မှုမရှိ ကြောင်း မြန်မာဗုဒ္ဓဘာသာဝင် များက အပြစ်တင်ပြောဆိုလိုက် သည်။

အပန်းဖြေသည့် ကမ်းခြေနှင့်သမိုင်းဝင်မြို့ဖြစ်သည့် ပီနန်တွင် လတ်တလောဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများက ပို၍ စိုးရိမ်စရာဖြစ် လာသည်။ သတ်ဖြတ်မှုအချို့တွင် လည်မျိုကိုလှီးဖြတ်ထားခြင်းများ (သို့မဟုတ်) ခေါင်းနှင့် ခန္ဓာကိုယ် ကို အပိုင်းပိုင်းဖြတ်တောက်ထား မှုများ တွေ့ရသည်။

အသတ်ခံရသူများ၊ ယင်းအ မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများမှာ မည်သည့်ဘာသာဝင် ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်းမရှိဘဲ သေဆုံးသူများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါ။

ဗုဒ္ဓဘာသာဝင်အများစုပါ ၀င်သည့် ထောင်ပေါင်းများစွာ သော နိုင်ငံရေးခိုလှုံခွင့်တောင်းသူ များ၊ အလုပ်ရှာသူများ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည်။ ယခုလည်း ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီများအပေါ် ဖိနှိပ်မှုကြောင့် အခြားဒုက္ခသည်များ တိုးမြင့်ရောက်ရှိလာကြောင်း ဒုက္ခသည်အရေး လှုပ်ရှားသူများက ပြောဆိုသည်။ လူဦးရေတစ်သန်းကျော်ရှိသည့် ဘင်္ဂါလီများအား မြန်မာနိုင်ငံသားများအဖြစ် အစိုးရက အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။

ပီနန်သည် မလေးရှားနိုင်ငံ ၏ အနောက်ဘက်ကမ်းခြေတွင် ရှိပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ဘင်္ဂါလီများသည် ထိုင်းနိုင်ငံတောင်ပိုင်းမှတစ်ဆင့် ပင်လယ်ကိုဖြတ်ကာ ယင်းကမ်းခြေဒေသသို့ ၀င်ရောက်လာနေကြသည်။

ကိုးကား - AFP
7Day Daily

No comments:

Post a Comment