Friday, December 26, 2014

ဆည်တည်းကျေးရွာကို မီးရှို့ ဖယ်ရှားမည်ဟု ခြိမ်းခြောက်မှု မှန်ကန်ပါက ပြောသူကို အရေးယူမည်

လက်ပံတောင်းတောင် စီမံကိန်းဒေသ ဆည်တည်းကျေး ရွာကို မီးရှို့ဖယ်ရှားမည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့မှုကို စုံစမ်းစစ် ဆေးပြီး မှန်ကန်ပါက ပြောဆိုသူ ကိုအရေးယူသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုလဲမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးဆောင် သောအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အပါ အဝင် တာဝန်ရှိသူများ ဒီဇင်ဘာ ၂၂ ရက်တွင် မုံရွာမြို့၌တွေ့ဆုံခဲ့ သည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ အမျိုးသားလွှတ်
တော်ကိုယ်စားလှယ်ဒေါက်တာ မြင့်နိုင်၊ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာသိန်းနိုင်တို့က ပြီးခဲ့ သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများအတွင်း အမှတ် (၁၆)ရဲတပ်ရင်း တာဝန်ရှိသူများက ဆည်တည်းကျေးရွာကို မီးရှို့မည်ဟုခြိမ်းခြောက်ပြော ဆိုခဲ့ခြင်းအပေါ် တင်ပြခဲ့ခြင်းဖြစ် ကြောင်းသတင်းရရှိသည်။
‘‘ဆက်လက်စုံစမ်းပြီး မှန် ကန်ပါက အရေးယူပေးမယ်လို့ ဝန်ကြီးချုပ်ကပြောတယ်’’ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော မုံရွာ မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်သီတာဝင်းက ပြောသည်။

လက်ပံတောင်းတောင် အရေး လာရောက်ကူညီဆောင် ရွက်ပေးခဲ့သော ၈၈ ငြိမ်း/ပွင့်မှ မမီးမီးက ဒီဇင်ဘာ ၂၂ နှင့် ၂၃ ရက်များအတွင်း ဆည်တည်း ကျေးရွာဒေသခံများမှာ မီးရှို့ဖယ် ရှားမည်ဟု ခြိမ်းခြောက်ခံရမှု ကြောင့် နွားလှည်းများ၊ ထော် လာဂျီယာဉ်များဖြင့် အနီးပတ်ဝန်း ကျင်ကျေးရွာများသို့ ပစ္စည်းများ ပြောင်းရွှေ့သယ်ယူနေသည်ကို မြင်တွေ့ခဲ့ရကြောင်းပြောကြားခဲ့ သည်။

ဒေါ်ခင်စန်းလှိုင်ဦးဆောင် သောအဖွဲ့က ဒေါ်ခင်ဝင်းသေဆုံးခဲ့သည့်ဖြစ်စဉ်ကို တရားဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးဆောင်ရွက် ပေးရန်၊ သေစေနိုင်သည့်လက် နက်များနှင့် ပဋိပက္ခများကိုဖြေ ရှင်းခြင်းမပြုရန်၊ လုံခြုံရေးဆောင် ရွက်နေသော ရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်ထက်ပို၍ လက်နက် များကိုင်ဆောင်ခြင်း မပြုရန် စသည့်အချက်များကို ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း ဒေသ ခြံစည်းရိုးကာရံခြင်းကို ရပ်နား ထားသော်လည်း ဒေသခံ များနှင့် ပဋိပက္ခဖြစ်ပွား၍ ရပ်နား ထားခြင်းမဟုတ်ကြောင်း သတင်း ရရှိခဲ့သည်။ ကြေးနီစီမံကိန်းဒေသ ခြံ စည်းရိုးကာရံရာတွင် ဒီဇင်ဘာ ၂၄ ရက် အထိ စုစုပေါင်း အလျား ၁၁,၃၀၀ မီတာ အခန်း ၃,၂၀၈ ခန်းပြီးဆုံးခဲ့ကြောင်း သက်ဆိုင် ရာမှသိရှိရသည်။

7Day Daily

No comments:

Post a Comment