Friday, December 26, 2014

သရုပ်ဆောင်မင်းအုပ်စိုးကို လူသတ်မှုဖြင့် ဖမ်းဆီး

သရုပ်ဆောင်မင်းအုပ်စိုး သည် ညီမဝမ်းကွဲဖြစ်သူ သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုယဉ် (ခ) မတေးနုယဉ်ကို ထိုးကြိတ်ရာ တေးနုယဉ် သေဆုံးသွားသဖြင့် ၎င်းအားဖမ်း ဆီး၍ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက 7 Day Daily အား အတည်ပြုပြော ကြား သည်။

ဒီဇင်ဘာ ၂၅ ရက်နံနက် ၂ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်း အုပ်စိုး၏နေအိမ်၌ အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ မနုနုယဉ် (ခ) မတေးနုယဉ်၏ ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့တွင် ထိုးကြိတ်မှုကြောင့် အညိုအမည်းဒဏ်ရာ များဖြင့် သေဆုံးသွားခြင်းဖြစ် ကြောင်း ဒုရဲမှူး သိန်းဝင်းကပြော သည်။

‘‘ချွန်ထက်တဲ့အရာတွေနဲ့ ထိုးသွင်းတာတော့ မတွေ့ရပါ ဘူး။ ထိုးကြိတ်ရင်းနဲ့ လက်လွန် ပြီးသေဆုံးတာလို့ယူဆရပါတယ်။ ထိုးကြိတ်မှုကြောင့် ရင်ဘတ်၊ မျက်နှာ၊ ကျောဘက်တွေမှာ အညိုအ မည်းဒဏ်ရာတွေတွေ့ရပါ တယ်။ လူသေသွားတဲ့အတွက် လူသတ်မှုပုဒ်မနဲ့ပဲ အရေးယူထား တာပါ။ အခင်းဖြစ်တာကလည်း သူ့အိမ်မှာပဲဖြစ်တာပါ’’ဟု ဒုရဲမှူး သိန်းဝင်းကပြောသည်။ အသက် (၃၃)နှစ်အရွယ် မနုနုယဉ်သည် မင်းအုပ်စိုးနှင့် တစ်အိမ်တည်း အတူနေ ညီမဝမ်းကွဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
သေဆုံးသွားသည့် အမျိုး သမီးသည် သရပါမဂ္ဂဇင်း အယ် ဒီတာတစ်ဦးဖြစ်ပြီး ယင်းမဂ္ဂဇင်းသည် အသက် (၄၄) နှစ် အရွယ် မင်းအုပ်စိုး ထုတ်ဝေနေသော မဂ္ဂဇင်းဖြစ်သည်။

မနုနုယဉ်အား လူမှုရေးကိစ္စ တစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်း ပြောဆိုခြင်းမရှိ သောကြောင့် စိတ်ဆိုးဒေါသဖြစ် ပြီး ထိုးကြိတ်ရာမှ သေဆုံးသွား ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ မင်းအုပ်စိုးသည် အခင်း ဖြစ်ပွားပြီး ၂ နာရီအကြာတွင် ဗဟန်းရဲစခန်းသို့ ကိုယ်တိုင်လာ ရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မင်းအုပ်စိုးသည်‘ကားပေါ် မှာလိုက်လာတယ်’ဗီဒီယိုဇာတ် ကားဖြင့် လူသိများလာသူဖြစ်ပြီး ‘ရင်ကွဲနာ’ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက် ကူးခဲ့သူဖြစ်သည်။

သရုပ်ဆောင် မင်းအုပ်စိုး သည် ယခင်ကလည်း အမှုအခင်း အချို့ဖြစ်ခဲ့ဖူးသည်။ နိုဝင်ဘာ ၁၆ ရက်ညကပြုလုပ်သော အဆို တော်စိုးပိုင်၏ အသက် (၇၀)ပြည့် ဖျော်ဖြေပွဲတွင်လည်း ပရိသတ် အဖြစ်လာရောက်ခဲ့သော မင်းအုပ်စိုး၏အပြုအမူများကြောင့် အခြား ပရိသတ်များ စိတ်အနှောင့် အ ယှက်ဖြစ်ခဲ့ရသည်။

စိုးပိုင်ကိုအလွန်ကြိုက်သော ကြောင့် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်ဟုဆိုသော သရုပ်ဆောင် မင်းအုပ်စိုးသည် စိုးပိုင်က ‘ပြည့်စုံပါစေ’ သီချင်းဖျော်ဖြေသည့်အချိန်တွင် စင်ပေါ်အထိတက်ကာ ဟန်ပန် အမူအရာများပြုလုပ်ခဲ့ပြီး ၎င်းကို စင်ပေါ်မှဆင်းခိုင်းသည့်လုံခြုံရေးများအား မချေမငံပြန်လည်ဆက်ဆံ ခဲ့သည်။

သို့သော်လည်း သီချင်းပြီး ချိန်တွင် ဆင်းသွားခဲ့ပြီး ထိုအချိန် မှစ၍ သီချင်းတစ်ပုဒ်သီဆိုပြီးချိန် တိုင်း‘သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်’စသည် ဖြင့် အမည်မျိုးစုံကို ကျယ်လောင် စွာအော်ဟစ်ခဲ့သောကြောင့် လာ ရောက်ကြည့်ရှုသည့်ပရိသတ်များ မှာ အနှောင့်အယှက်ဖြစ်ခဲ့သည်။

၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက် တွင် ၎င်းနေထိုင်သောဖိုးစိန်လမ်း ရှိ အမှိုက်ပုံကိုမီးရှို့ခဲ့ပြီး လမ်းမ တွင် ရမ်းကားကာ ယာဉ်ကြော ပိတ်ဆို့အောင် ၁၅ မိနစ်ခန့်ပြုလုပ် ခဲ့သည်။ အမှိုက်ပုံမီးရှို့သော ကြောင့် လာရောက်မီးငြှိမ်းသတ် သော မီးသတ်တပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကားတစ်စီးကို ဖျက်ဆီးခဲ့သောကြောင့် ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ထောင်ဒဏ်သုံး လနှင့်ဒဏ်ငွေ ကျပ် ခြောက်သိန်းအမိန့် ချမှတ်ခဲ့သည်။

၂၀၁၁ ဒီဇင်ဘာ ၇ ရက်တွင် ဖိုးစိန်လမ်းရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ က နေပြည်တော်တွင် ကျင်းပသော အကယ်ဒမီပေးပွဲ၌ လည်း အခြားသူများအနှောင့် အယှက်ဖြစ်အောင် ပြုမူခဲ့သေး သည်။ ၂၀၀၅ ကလည်းသန်လျင် မြို့၊ ညောင်သုံးပင်ရပ်ကွက်ရှိ သမကောလိပ်ကျောင်း လမ်းတွင် ၎င်းရိုက်ကွင်းသို့လာရောက်သော လူငယ်များနှင့် စကားများကာ ဓားဖြင့်လိုက်လံ ခုတ်သောကြောင့် လူငယ်နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖိုးစိန်လမ်းတွင် ရမ်းကားခဲ့သဖြင့် တရားစွဲဆိုခံရပြီး ရုံးထုတ်လာသောမင်းအုပ်စိုးကို ၂၀၁၃ ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

သေဆုံးသွားသော မနုနုယဉ် (ဓာတ်ပုံ − Tay Nu Yin Facebook)
7Day Daily

No comments:

Post a Comment