Sunday, December 14, 2014

ရွာသားများသဘောမတူဘဲ ရွာအမည်ပြောင်းခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးကို ထပ်မံဆန္ဒပြ

ကလေးမြို့နယ် တောင် အူကျေးရွာသူ၊ ကျေးရွာသား ၃၀၀ ကျော်က ကျေးရွာအုပ်ချုပ် ရေးမှူးကို အလိုမရှိကြောင်း ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

တောင်အူကျေးရွာနှစ်ခြမ်း ကွဲစေခဲ့သော အုပ်ချုပ်ရေးမှူးကို အလိုမရှိ၊ တောင်အူရွာပြန်လည် ပေါင်းစည်းရေးအောင်ရမည်ဟူ သော ကြွေးကြော်သံများဖြင့် ဒီ ဇင်ဘာ ၁၃ ရက်တွင် ဆိုင်းဘုတ် ၁၄၇ ခုကိုင်ဆောင်ကာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

တောင်ဦးကျေးရွာအုပ်ချုပ် ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြ မှုတစ်ခုကို အောက်တိုဘာ ၂၄ ရက်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ် သော်လည်း ယခုကဲ့သို့ထပ်မံ ဆန္ဒပြရခြင်းအပေါ် ဦးဆောင်ပါ ဝင်ခဲ့သည့် တောင်အူကျေးရွာနေ ဦးလှထွေးက ‘‘ရက်ပေါင်း ၅၀ ကျော်ကြာပြီဖြစ်ပေမယ့် အခု အချိန်ထိ အုပ်ချုပ်ရေးမှူးကို အပြောင်းအလဲမပြုလုပ် ပေးသေးတဲ့အတွက် ထပ်မံဆန္ဒပြရခြင်းဖြစ်ပါတယ်’’ဟု ပြောသည်။

ယခုလက်ရှိ တောင်အူကျေး ရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ ပြီးသည့်နောက်ပိုင်း တောင်အူ ကျေးရွာအမည်ကို ကျေးရွာသားများ လက်မခံသည့်ကြားမှ တောင်ဦးကျေးရွာအဖြစ် ပြောင်းလဲသတ်မှတ်ရန် ဆောင်ရွက်ခဲ့ရာမှ ကျေးရွာသားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အောက်တိုဘာ ၂၄ ရက် တွင် ကျေးရွာအုပ်ချုပ်ရေးမှူး အလိုမရှိကြောင်း ဆန္ဒပြပြီး အောက်တိုဘာ ၂၅ ရက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးဘက်မှ လူအင်အား ၅၀၀ နီးပါးဖြင့်တောင်ဦး ကျေးရွာအမည်တည်မြဲရေး ဒို့အရေး ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပြန်လည်ဆန္ဒပြခဲ့ကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်းနှင့် အလိုရှိကြောင်း အပြန်အလှန် ဆန္ဒပြနေမှုအပေါ် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်တူးက ‘‘ကျေးရွာအုပ်ချုပ် ရေးမှူးကို အလိုမရှိဘူးဆိုရင် သက်ဆိုင်ရာ ဌာနတွေကိုတိုင်ပေါ့။ အဲဒီကနေမှ ကျေးရွာအုပ် ချုပ်ရေးမှူးကို စစ်ဆေးပေးမယ်။ ဒါပေမဲ့ သူ့မှာ ပြစ်ချက်မရှိဘူးဆို ရင်တော့ ဘာမှလုပ်လို့မရပါဘူး’’ ဟု ပြောသည်။

7Day Daily

No comments:

Post a Comment