Thursday, December 18, 2014

၂၀၁၅ ခုနှစ် မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြောကြား

၂၀၁၅ မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန်မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းတွင် စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ထိုသို့သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။



"ဆန္ဒခံယူပွဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုလိုတာထင်တယ်။ ပထမဦးဆုံး လွှတ်တော်ထဲမှာ ဆွေးနွေးမယ်။ လွှတ်တော်ထဲမှာဆွေးနွေးပြီးတော့မှ ၇၅ ရာခိုင်နှုန်းရဲ့ အထက်ရတဲ့ဥစ္စာထဲကို အဲဒီဥစ္စာတွေရွေးထုတ်ရမယ်။ ရွေးထုတ်လိုက်ပြီးတဲ့အချိန်ကျရင် အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်ထဲကနေအတည်ပြုနိုင်တဲ့အကြောင်းအရာတွေဆို အဲဒီမှာတင်ပြသွားလိမ့်မယ်။ အတည်မပြုနိုင်ဘူး။ ဒါလူထုရဲ့ ဆန္ဒခံယူပွဲလုပ်ရမယ်ဆိုရင်တော့ အဲဒီကနေလုပ်ရမယ်။ ကျွန်တော်ထင်တယ်။ လာမယ့်လွှတ်တော်ပေါ့။ ဆန္ဒခံယူပွဲလုပ်မယ်ဆိုတာ ချက်ချင်းကြီး မနက်ဖြန်ကောက် လုပ်ပြီး ဆန္ဒခံယူပွဲလုပ်ယူလို့မရဘူးလေ။ ကျွန်တော်တို့အစည်းအဝေးတောင် နည်းနည်းတော့အချိန် ယူပြီးလုပ်ရတယ်လေ။ ဒါတောင်ဟိုဥစ္စာဖြစ်တာကိုး။...လုပ်လေ့လုပ်ထရှိတာကတော့ မိုးတွင်းမလုပ်ဘူး။ မိုးတွင်းမှာသွားလုပ်ရင် ဒုက္ခရောက်နေမှာပေါ့။ မိုးလွတ်လေလွတ် ရာသီဥတုသာယာတဲ့အချိန်မျိုးပဲ လုပ်လိမ့်မယ်လို့ထင်တယ်။ လွှတ်တော်ထဲမှာဆုံးဖြတ်ဖို့ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ လွှတ်တော်မှာဆွေးနွေးနေကြတာကိုး" ဟု ဦးဌေးဦးကသုံးသပ်သည်။

ဆန္ဒခံယူပွဲကို လွှတ်တော်တွင်ဥပဒေတစ်ခုပြဋ္ဌာန်းသည်ဆိုခြင်းသည် ယခင်ရှိပြီးသားဥပဒေကို ခေတ်စနစ်နှင့်လျော်ညီအောင်ဆိုသော အသုံးအနှုန်းပြောင်းလိုက်ခြင်းကလွဲ၍ ကျန်တာဘာမှမရှိကြောင်း ဦးဌေးဦးကဆိုသည်။

"ဆန္ဒခံယူပွဲကို လွှတ်တော်က ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တယ်လို့ဆိုကြတယ်။ ဒါကလည်း နဂိုကတည်းကရှိပြီးသားလေ။ ကျွန်တော်တို့တွေဆန္ဒခံယူထားတာကြာလှပြီ။ ဒီဥပဒေနဲ့ပဲသွားတာပဲ။ ဟိုအရင်တုန်းက ဥပဒေမရှိဘဲနဲ့လုပ်တာမှမဟုတ်တာ။ ရှိပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment