Thursday, December 18, 2014

သမ္မတဖြစ်လျှင် အလုပ်သမားနှင့် လယ်သမားတို့အတွက် ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းဆို

သမ္မတဖြစ်လိုသည်၊ သမ္မတဖြစ်ရန် ကြိုးပမ်းမည်ဟု ဆက်တိုက်ပြောဆိုလာခဲ့သူ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ၂ဝ၁၅ တွင် 'သမ္မတ ဖြစ်လျှင်' ဆိုသည့်စကား ထည့်သွင်း ပြောလာခဲ့ပြန်သည်။
အလုပ်ရှင်နှင့် အလုပ်သမားများ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့သူ ၄င်းက ယင်းစကားကို ပြောခဲ့ခြင်း ဖြစ်ပြီး ၄င်းသာ သမ္မတဖြစ်လျှင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အရေးကိစ္စများကို များစွာဆောင်ရွက်ပေးမည့် အကြောင်းလည်း ကတိပေးခဲ့သည်။ သူရဦးရွှေမန်းသည် လက်ရှိတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့မှုများသော ကြံ့ ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment