Friday, December 12, 2014

ဗီယက်နမ်ကို အနိုင်ယူပြီး မလေးရှား ဆူဇူကီးဗိုလ်လုပွဲ တက်ရောက်

111214c
ဒီဇင်ဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မလေးရှားက အဝေးကွင်းမှာ ဗီယက်နမ်ကို ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။မလေးရှားအသင်းက နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်း မလေးရှားက အိမ်ကွင်းမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာပါ။

ဗီယက်နမ်အတွက် အိမ်ကွင်း ပရိသတ် ၄ သောင်းရှေ့မှာ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။

မလေးရှား နည်းပြ ဒိုလက် Dollah Salleh ကတော့ ရတဲ့ အခွင့်အရေး ၄ ကြိမ်မှာ ၄ ဂိုး သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

“ဒီပွဲမှာ ကျနော်တို့အသင်း ကစားပုံက တော်တော်ညံ့ပြီး ပထမပိုင်းမှာ တိုက်စစ် အရှိန်ကို မတင်နိုင်ခဲ့ဘူး” လို့ ဗီယက်နမ်နည်းပြက ပြောဆိုသွားပါတယ်။

မလေးရှားအသင်းဟာ ပထမအကျော့ ဗိုလ်လုပွဲကို ထိုင်းအသင်းနဲ့ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment