Wednesday, December 24, 2014

ဆောင်းရာသီသီးနှံချေးငွေနှင့်ပတ်သက်၍ ကောလာဟလဖြစ်ခဲ့သော ဟင်္သာတမြို့တွင် ချေးငွေစတင်ထုတ်ချေး

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၄ခုနှစ်အတွက် ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၈ အုပ်စုမှ ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဒီဇင် ဘာ ၂၂ရက်မှ စတင်ထုတ်ချေးပေး နေပြီဖြစ်ကြောင်း သိရသည်။
''ရန်ပုံငွေက ၂၄ဝဝဝကျော်ရ ပါတယ်။ အဲဒီရတာကို ဒီဇင်ဘာ ၂ ရက်ကပြီးတော့ ဇန်နဝါရီ ၁၅အထိ ကျေးရွာအုပ်စု ၉၈အုပ်စုက တောင် သူ ၁၈ဝဝဝခန့်ကို အပြီးထုတ်ချေးဖို့ လျာထားတယ်။ ကျွန်တော်တို့ဘဏ် ဘက်ကလဲ အလျင်အမြန်ရအောင် ထုတ်ချေးပေးလျက်ရှိသလို ၂ဝ၁၄ ခုနှစ်မိုးချေးငွေကိုလဲ သတ်မှတ် ရက်အတွင်း အပြေအလည်ပြန် လည်ပေးဆပ်ပါလို့ ပြောချင်ပါတယ်။ ဒါမှ ၂ဝ၁၄ခုနှစ် မိုးချေးငွေစော စောပေးဆပ်မှ ၂ဝ၁၅ခုနှစ်ကို ကျွန် တော်တို့က စောစောပြန်ထုတ်ချေး လို့ရပါမယ်''ဟု မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးကြည်လွင်က ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ နှစ်စဉ်ထုတ်ချေးပေးနေသည့် ဆောင်းရာသီသီးနှံ ထုတ်လုပ်မှု ဘဏ် ချေးငွေအား ဟင်္သာတမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၉၈အုပ်စုအား အ လှည့်ကျဖြင့် ထုတ်ချေးပေးသွားရန် လျာထားကြောင်း မြို့နယ်မန်နေဂျာ ထံက သိရသည်။
''ဆောင်းဘဏ်ချေးငွေကိုလဲ နည်းနည်း တိုးပေးစေချင်တယ်ပေါ့။ ဒါမှ တောင်သူတွေဟာ အခက်အခဲ ကို ဖြေရှင်းနိုင်မယ်။ ခုနေတော့ နည်းနည်း နောက်ကျသွားတာပေါ့''ဟု ဝက်ကြီးကျေးရွာနေ ဆောင်းသီး နှံ စိုက်ပျိုး လုပ်ကိုင်သူတစ်ဦးက ပြော ကြားသည်။
အဆိုပါ ထုတ်ချေးပေးသည့် ဆောင်းရာသီသီးနှံထုတ်လုပ်မှု ဘဏ် ချေးငွေသည် ဆောင်းသီးနှံချေးငွေ ကို ယခင်နှစ်များက အောက်တိုဘာ လအတွင်း စတင်ထုတ်ချေးပေးနိုင် ခဲ့သော်လည်း ယခုနှစ်တွင် ဆောင်း သီးနှံ စိုက်ပျိုးလုပ်ကိုင်ပြီးစီးသည့် ဒီဇင်ဘာလတွင်မှသာ ထုတ်ချေးပေး နိုင်သည့်အတွက် အခက်အခဲတချို့ရှိ ခဲ့ပြီး ရိတ်သိမ်းစရိတ်အဖြစ်သာသုံး စွဲနိုင်တော့မည်ဖြစ်သည်။
၂ဝ၁၄ခုနှစ် ဆောင်းရာသီသီး နှံထုတ်လုပ်မှုအတွက် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံ ချေးငွေအား ပြောင်းနှင့်ပဲမျိုးစုံအတွက် တစ်ဧကကျပ် ၂ဝဝဝဝနှုန်းနှင့်နွေစပါး အတွက် တစ်ဧကကျပ်တစ်သိန်းနှုန်း ဖြင့် ချေးငွေကျပ်သိန်းပေါင်း ၂၄၄၉၁ ဒသမ ၂အား ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
AKK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment