စီမံကိန်းကို ကန့်ကွက်ခဲ့ သည့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွာသားများ၊ ရဲများနှင့် တရုတ်လုပ်သားအချို့ဒဏ်ရာ ရခဲ့သည့် လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်ရပ်အပေါ် စိုးရိမ်ဝမ်းနည်း ရကြောင်း ဘေဂျင်းရှိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက် အကြာတွင် ရန်ကုန်ရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
တရုတ်သံရုံး၏ ထုတ်ပြန် ချက်တွင် သေဆုံးသွားသူနှင့် မိ သားစုဝင်များ၏ ဆုံးရှုံးမှုအတွက် နက်ရှိုင်းစွာ ၀မ်းနည်းကြေကွဲခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင်၎င်းတို့၏ တရုတ် နိုင်ငံသားများထိခိုက်ဒဏ်ရာရရှိ မှုများအတွက် စိုးရိမ်ကြောင်း လည်း ဖော်ပြထား သည်။
တရုတ်နိုင်ငံအခြေစိုက် ၀မ် ပေါင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ထားသည့် အဆိုပါ လက်ပံတောင်းတောင်စီမံကိန်း တွင် အာဏာပိုင်များဘက်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် တရုတ်သံရုံး ရှေ့နှင့် ရန်ကုန်မြို့၏ နေရာအချို့တွင် မြန်မာတက်ကြွ လှုပ်ရှားသူများက ဆန္ဒပြခဲ့ကြ သည်။ တရုတ် သံရုံးရှေ့ ဆန္ဒထုတ် ဖော်မည့် သတင်းများကြောင့် မြန်မာအာဏာပိုင်များက ဒီဇင် ဘာ ၂၅ ရက်တွင် တရုတ်သံရုံး ရှေ့သို့ သွားလာခွင့် ခေတ္တပိတ် ပင်ခဲ့ပြီး လုံခြုံရေးတိုးမြှင့်ခဲ့သည်။
7Day Daily
No comments:
Post a Comment