Wednesday, December 10, 2014

ဒီချုပ်ရေးဆွဲနေသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် မူကြမ်းပြီးစီး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရေးဆွဲနေသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် သည် အကြမ်းထည်ပြီးစီး နေပြီ ဖြစ်ပြီး အချောသပ်ရန်သာ ကျန် တော့ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။

အဆိုပါမူဘောင်ရေးဆွဲရန် လွန်ခဲ့သည့် နှစ်လကျော်ကစ၍ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင် ဆွေးနွေးနေခြင်း ဖြစ်သည်။



တစ်နိုင်ငံလုံးအပစ်ရပ်လက် မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့်နိုင်ငံရေးဆွေးနွေးပွဲအတွက် မူ ဘောင်ရေး ဆွဲခြင်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့(UPWC) နှင့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအလုပ် အဖွဲ့(WGEC) တို့ကလည်း ရေး ဆွဲထားသည်။

ထို့အပြင်နိုင်ငံရေးပါတီ ၅၅ ပါတီပါဝင်သော အစုအဖွဲ့နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ စုပေါင်း ထားသည့် စည်းလုံးညီ ညွတ်သော တိုင်းရင်းသားလူမျိုး များအဖွဲ့(UNA) ကလည်း

နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို အသီးသီးရေးဆွဲနေသည်။

သို့သော်အဖွဲ့အစည်း အသီးသီးက ၎င်းတို့ရေးဆွဲထားသော မူဘောင်တွင် မည်သည့်အချက် များ ပါဝင်သည်ကို အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ ပေ။ မူဘောင်ကို အဖွဲ့အစည်း အသီးသီးက ရေးဆွဲနေခြင်းဖြစ်ရာ ကွဲပြားခြားနားနေသည့်မူဘောင် များကိုပင် ပြန်လည်ညှိနှိုင်းမည် လား၊ အသစ်ရေးဆွဲမည်လား ဆိုသည်မှာ မသိရသေးဟု နိုင်ငံ ရေးပါတီများကပြောသည်။

အားလုံးပါဝင်သည့် နိုင်ငံ ရေးဆွေးနွေးပွဲကြီးကို မျှော်မှန်း၍ နိုင်ငံရေးပါတီများနှင့် အဖွဲ့အ စည်းအသီးသီးက နိုင်ငံရေးဆွေး နွေးပွဲအတွက် မူဘောင်များ ရေး ဆွဲနေသည်မှာ မူဘောင်သုံးခုရှိ နေပြီး ပြည်ထောင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် လက် နက်ကိုင်အဖွဲ့များ ရေးဆွဲမည့် မူ ဘောင်နှင့် ဆိုလျှင် စုစုပေါင်း ငါး ခုဖြစ်လာမည်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပထမအဆင့် တစ်နိုင်ငံလုံးအ တိုင်းအတာအပစ်အခတ်ရပ်စဲ ရေးစာချုပ်(NCA) ရေးထိုးခြင်း၊ NCA ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း မူဘောင်ရေးဆွဲခြင်း၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေး နွေးပွဲစတင်ခြင်းဟု အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သတ်မှတ် ထားသည်။

အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးပြီးမှသာ ယင်းစာချုပ်ပါ အ ချက်များကို အခြေခံ၍ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ပြည့်စုံစွာ ရေးဆွဲနိုင်မည်ဖြစ်သော်လည်း ရက်ပေါင်း ၆၀ အတွင်း မူဘောင် ရေးဆွဲမှု မပြီးစီးမည်ကို စိုးရိမ်၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မူဘောင်ရေးဆွဲနေခြင်းဖြစ် ကြောင်း နိုင်ငံရေးပါတီများမှ သိရသည်။

7Day Daily

No comments:

Post a Comment