Wednesday, December 10, 2014

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်းကြို/ပို့ ခွင့်မပြုတော့ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းအများစုတွင် ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်း ကြို/ပို့ခြင်းအစား ကျောင်းကား များဖြင့်သာ ကြို/ပို့ရန် စီစဉ် ဆောင်ရွက်ရတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။

လက်ရှိကျင်းပဆဲဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေးတွင် တင်သွင်းသည့် ကျောင်းကားများနှင့် ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် အဆိုနှင့် ပတ်သက်၍ တိုင်းဒေသ ကြီးအစိုးရက နည်းဥပဒေရေးဆွဲ ဆောင်ရွက်မည်ဖြစ်သည့်အ တွက် ယင်းကိစ္စရပ်သည် မကြာမီ အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့ကပြောသည်။



‘‘အခုကနာမည်ကြီးကျောင်း တော်တော်များများမှာ ကိုယ်ပိုင် ကားနဲ့ ကျောင်းကြို/ပို့လုပ်နေတဲ့ အတွက် ယာဉ်ကြောကျပ်မှု တွေဖြစ်နေတယ်။ အထူးသဖြင့် ဒဂုံ (၁)ဆို အလံပြဘုရားလမ်း တောက်လျှောက်ပိတ်တယ်။ ဒါကိုကျောင်းကားတွေနဲ့ အစားထိုးလိုက်ပြီဆိုရင် ယာဉ်ကြောပိတ် ဆို့မှုတွေလည်း ပြေလည်သွား မယ်’’ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်း အောင်ကပြော သည်။

ကျောင်းသား၊ကျောင်းသူ များ အန္တရာယ်ကင်းရှင်းစေရန် လက်ရှိကျောင်းကားများအဖြစ် အများစုပြေးဆွဲနေသော လိုက် ထရပ်ယာဉ်များအစား မီနီဘတ်စ် ကဲ့သို့ အလုံပိတ်ယာဉ်များဖြင့် အစားထိုးပြေးဆွဲသင့်ပြီး အခြား နိုင်ငံများကဲ့သို့ School Bus ဟူသည့် သတိပေးစာတမ်းကို ထင်ထင်ရှားရှားကပ်ပေးသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဒေါက်တာစောလှထွန်း ကပြောသည်။

‘‘ကျောင်းကားတွေ စနစ်တ ကျပြေးဆွဲနိုင်ဖို့အတွက် ယာဉ် တွေသတ်မှတ်ဖို့၊တခြားနည်းလမ်း တွေနဲ့ ဆောင်ရွက်နိုင်ဖို့ အခုကျွန် တော်တို့ လွှတ်တော်ကိုတင်ပြ ထားတဲ့ ပုဂ္ဂလိကမော်တော်ယာဉ် များစနစ်တကျပြေးဆွဲရေးဥပဒေ ရဲ့နောက်ဆက်တွဲအဖြစ် ထွက်ရှိ လာမယ့်နည်းဥပဒေမှာ ဒီကိစ္စကို ထည့်သွင်းရေးဆွဲမှာပါ’’ဟု တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်ခင်ကပြော သည်။

ထိုကဲ့သို့ထည့်သွင်းရေးဆွဲ ပြီးနောက်ပိုင်းတွင် အမိန့်၊ ညွှန် ကြားလွှာများထွက်ရှိလာပြီး အထက်ပါကိစ္စရပ် များကို အစိုးရ အဖွဲ့မှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

‘‘ကျောင်းကားတွေက အများအားဖြင့် လိုက်ထရပ်ယာဉ်တွေ ဖြစ်နေတဲ့အတွက် လုံခြုံမှုမရှိဘူး။ ဒါကို ဥပဒေနဲ့ထုတ်ပြီး သေချာ မလုပ်နိုင်သေးရင်တောင် အစိုးရ အဖွဲ့အနေနဲ့ အမိန့်ညွှန်ကြားချက် တွေထုတ်ပြန်ပြီး လုပ်ဖို့ အနေ အထားဖြစ်ပါတယ်’’ဟု တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန် တင်ဝင်းကပြော သည်။

7Day Daily

No comments:

Post a Comment