Tuesday, December 2, 2014

သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုထားသည်ဟု ဆိုခြင်းကို မ.ဘ.သ ငြင်းဆို

၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။

လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အထက်ပါအချက်များ ကို သံဃာများ လက်မှတ်ထိုးတောင်း ဆိုသွားမည်ဖြစ်ပြီး ခွင့်ပြုမပေးပါက ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ သံ ဃာတော်များ တစ်ပြည်လုံးအတိုင်း အတာဖြင့် သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထား သည်။

မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာ တော်ဘဒ္ဒန္တတိလောကာဘိဝံသက ''ဒီဟာကို ဆရာတော်တို့ထုတ်တာ လုံးဝမဟုတ်ပါဘူး။ မဘသလိုဂိုကို ယူပြီး အတုထုတ်ထားတာ။ ဆရာ တော်တို့ ရည်ရွယ်ချက်က ဘယ်လူ မျိုးဘယ်ဘာသာကိုမှ တိုက်ခိုက်ဖို့ မဟုတ်သလို မုန်းတီးရေးလဲ လုပ် နေတာမဟုတ်ဘူး။ ကိုယ့်လူမျိုးကို စော်ကားထိပါးလာတာကို ကာကွယ် ပေးတဲ့သဘောပဲ''ဟု မိန့်ကြားသည်။

Democracytoday

No comments:

Post a Comment