Tuesday, December 2, 2014

အိန္ဒိယနိုင်ငံ ဘာဒွမ်ပေါက်ကွဲမှုနှင့်ပတ်သက်သည့် မြန်မာ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး

ဓာတ်ပုံ - Dhaka Metropolitan Police (dmpnews.org)
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ ၃ ယောက်ကို ဖမ်းဆီးရမိထားပြီလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံး ညီညွတ်ရေးအဖွဲ့ RSO နဲ့မြန်မာအခြေစိုက် တခြားအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒါက္ကာရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ခရစ်ရှနာ ပါဒါ ရွိုင်က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားအစိုးရတို့ဟာ အဲဒီအမှုမှာ ပူးပေါင်းပါဝင်သူတွေကို အရှိန်မြှင့် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ နယ်စပ်တလျှောက်က မတရားသင်း ကြေညာထားတဲ့ JMB စစ်သွေးကြွအယောက် ၁၀၀ လောက်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မြန်မာ ၃ ဦးဆီက စနက်တံ ၅ ခု၊ ဂျဲလ်သုံး ဗုံးလုပ်ပစ္စည်း ၂ ခုနဲ့ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၅၀၀ တို့ကိုလဲ သိမ်းဆည်းရမိခဲ့ပြီး အိန္ဒိယဘက်က ထောက်လှမ်းရေးသတင်းပေးမှုကြောင့် ဖမ်းမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ RSO၊ အာရခန် ရိုဟင်ဂျာ ယူနီယံ(AJU)နဲ့ နယ်သာလန်အခြေစိုက် ဂလိုဘယ် ရိုဟင်ဂျာစင်တာ GRC အဖွဲ့တွေနဲ့လည်း ဆက်နွယ်ပတ်သက်နေတယ်လို့ စုံစမ်းထောက်လှမ်းရေး ဒုတိယ ကော်မရှင်နာ ဆိုင်ဒူရ်ရာမန်က ပြောပါတယ်။

အသက် ၂၂ နှစ်၊ ၂၅ နှစ်နဲ့ ၂၆ နှစ် အသီးသီး ရှိကြတဲ့ အဲဒီ ၃ ယောက်ဟာ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ခါလစ်မိုဟာမက်ဟာ သူတို့ရဲ့ အကြံပေးခေါင်းဆောင် ဖြစ်တယ်လို့ ၀န်ခံထွက်ဆိုကြကြောင်းလည်း ပြောပါတယ်။

DVB

No comments:

Post a Comment