Wednesday, December 24, 2014

ဘင်္ဂါလီမှ ကမန် လူမျိုး အဖြစ် ပြောင်းထားသူ များကို အဆင့်ဆင့် စစ်ဆေးကာ ဗဟိုမှ ဆုံးဖြတ်မည်

လာမည့် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များကို နိုင်ငံသား စိစစ်ခြင်း စတင်မည် ဖြစ်ကာ ဘင်္ဂါလီ လူမျိုး ဖြစ်သော်လည်း ကမန် တိုင်းရင်းသား ဟူ၍ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ များကို အဆင့်ဆင့် စစ်ဆေး၍ ဗဟို အဆင့်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
ဘင်္ဂါလီကနေ ကမန် လုပ်ထားတဲ့သူ တွေကို စစ်လိုက်လို့ ပေါ်လာရင်၊ မြို့နယ် အဆင့်ဆင့်ကနေ ဗဟိုကို တင်ပြပြီး ဥပဒေ အတိုင်းပေါ့။ သွေးနှောဆို သွေးနှော ဆုံးဖြတ် သွားမယ်။ ကမန် တိုင်းရင်းသား ဖြစ်တယ် ဆိုရင် တိုင်းရင်းသားက နိုင်ငံသား ဖြစ်ပါတယ်။ တချို့ ကျတော့ ဘင်္ဂါလီက ကမန်လို့ ယူထားတာတော့ ရှိနေတယ် ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးက The Messenger Media သို့ ပြောသည်။

အဆိုပါ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်း လုပ်ရာတွင် အဆင်ပြေ စေရန် အတွက် ယခုအခါ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ စသည့် ဒေသ များရှိ လ.၀.က ၀န်ထမ်းများ၊ စိစစ်ရေး အဖွဲ့ဝင် များကို သွားရောက်၍ ရှင်းလင်း ဆွေးနွေး ပြောဆိုမှု များကို ပြုလုပ် နေကြောင်း ဦးခင်စိုး ကဆိုသည်။ ထို့အပြင် နိုင်ငံသား စိစစ်ရေး အတွက် သင်တန်းတက် နေသော ရခိုင် ပြည်နယ်ရှိ လ.၀.က အရာရှိ များသည် မကြာမီ သင်တန်း ဆင်းကာ ခရိုင် အလိုက် ပြင်ဆင်မှုများ ပြုလုပ် တော့မည် ဖြစ်သည်။ ထိုကဲ့သို့ ဘင်္ဂါလီနှင့် ကမန်ကို သီးခြား ခွဲထုတ် စိစစ်ပြီး ပါက ကမန် တိုင်းရင်းသား များကို တိုင်းရင်းသား နိုင်ငံသား အခွင့်အရေးများပေး သွားမည် ဟုလည်း ဦးခင်စိုးက ပြောသည်။ ရခိုင် ပြည်နယ်တွင် ဘင်္ဂါလီ များအား နိုင်ငံသား စိစစ်ခြင်းကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ သော်လည်း ကမန် တိုင်းရင်းသားများကို စိစစ်နိုင်ခြင်း မရှိသေးကြောင်း လ.၀.က ရုံးမှ သိရသည်။
Messenger News Journal

No comments:

Post a Comment