Thursday, December 25, 2014

လေလွင့်ကလေးငယ် ၁၀၀၀ ကျော်ကို ထိန်းသိမ်း


ရန်ကုန်မြို့တော်အတွင်း လှည့်လည်သွားလာနေသော လေလွင့်ကလေးငယ်များကို ထိန်းသိမ်းလျက်ရှိရာ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကလေးငယ် အယောက် ၁၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မြို့တော်အတွင်းမှာ လေလွင့်နေမယ့်အစား ကောင်ကောင်းမွန်မွန် ကြီးပြင်းနိုင်အောင် ထိန်းသိမ်းဆောင် ရွက် တာပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ထိန်းသိမ်း စောင့်ရှောက်ထားရာတွင် အသက် ၁၃ နှစ်အထက် ယောက်ျားလေး ၂၂၂ ဦး၊ မိန်း ကလေး ၁၇၈ ဦး၊ ၁၃ နှစ်အောက် ယောက်ျားလေး ၅၂၀ ဦး၊ မိန်းကလေး ၁၂၄ ဦး ပါဝင်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိန်းသိမ်းထားသော ကလေးများကို မြို့တော်စည်ပင် လက်အောက်ရှိ လေ့လွင့်ကလေးငယ် ထိန်းသိမ်းရေး ယာယီစခန်းတွင် ဦးစွာ ၂ ပတ်ခန့် ထားရှိပြီးနောက် အသက်အရွယ်အလိုက် သက်ဆိုင်ရာ ဌာနများထံ လွှဲပြောင်းအပ်နှံကြောင်း ယင်းအရာရှိက ဆိုသည်။

မွေးကင်းစမှ အသက် ၅ အထိကို ရွှေဂုံတိုင် ကလေးစောင့်ရှောင့်ရေး ဂေဟာ၊ အသက် ၆ နှစ်မှ ၁၂ နှစ်အထိကို သန်လျင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ အသက် ၁၃ နှစ်အထက် ကလေးငယ် များကို ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတို့တွင် ပေးပို့ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကော်မတီဝင် တစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment