Thursday, December 11, 2014

နိုင်ငံ့ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် စစ်သားများထက် ပြည်သူ့အင်အားကသာ အာမခံချက်အပြည့် ရှိဟုဆို

ရန်ကုန်၊ နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးအ တွက် စစ်သားများထက် စည်းလုံးညီညွတ်မှု ရှိသော ပြည်သူ့အင်အားကသာ အာမခံချက် အပြည့်ရှိကြောင်း လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။

ဒီဇင်ဘာ ၁ဝ ရက်က ရန်ကုန်မြို့ ရွှေတိ ဂုံဘုရားအနီးရှိ M3 စားသောက်ဆိုင်၌ ပြု လုပ်သည့် (၆၆)ကြိမ်မြောက် နိုင်ငံတကာ လူ့ အခွင့်အရေးနေ့ အခမ်းအနားတွင် ယင်းက ပြောခဲ့ခြင်းဖြစ်သည်။

''နိုင်ငံအတွက် လုံခြုံရေးနဲ့ ကာကွယ် ရေးက စစ်သားတွေတင် အဓိက မဟုတ်ပါ ဘူး။ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုက သာ အရေးကြီးပါတယ်။ ပြည်သူ့အင်အားက သာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကို အာမခံပါလိမ့်မယ်''ဟု လူ့အခွင့်အရေး ကာ ကွယ် မြှင့်တင်သူများအဖွဲ့မှ အမှုဆောင် ဒါရိုက် တာ ဦးမြင့်အေးက ပြောသည်။

အဆိုပါအခမ်းအနားကို ကုလသမဂ္ဂ လူ့ အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) မှ Country Director၊ အမေရိကန်သံရုံးမှ လူ့ အခွင့်အရေး ဆိုင်ရာအရာရှိ၊ မြန်မာနိုင်ငံဆိုင် ရာ ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးကျွမ်းကျင်သူများ၊ ပ ညာရှင်များနှင့် လှုပ်ရှားသူများ တက်ရောက်ခဲ့ သည်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နှင့် အစိုးရသစ်၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေး အခြေအနေများ၊ အမျိုးသမီးအ ခွင့် အရေးအခြေအနေများ၊ ဥပဒေပြုရေး တ ရားစီရင်ရေး စသော အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment