Thursday, December 11, 2014

သယံဇာတပေါကြွယ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံကို စာရင်းမှနုတ်ပယ်နိုင်ဖို့အရေး ကုလသမဂ္ဂ စဉ်းစားပေးနေဟုဆို

ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံ စာရင်းမှ မြန်မာပြည် လွတ်မြောက်နိုင် ရန် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် OHRLLS နှင့် UNDP တို့ပူးပေါင်းပြီး နည်းလမ်း ရှာဖွေနေကြောင်း မြန်မာနိုင်ငံ အခြေ စိုက် UNDP ရုံး၌ ဒီဇင်ဘာ ၁ဝရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UN–OHRLLS မှ အဆင့်မြင့်ကိုယ်စား လှယ် Mr.Gyan Chandra Acharya က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံ ဇာတပေါကြွယ်ဝသော်လည်း ပြီးခဲ့သော ဆယ်စုနှစ်များစွာတွင် ကမ္ဘာ့အဆင်းရဲ ဆုံး LDC နိုင်ငံစာရင်းမှ ရုန်းထွက်နိုင် ခြင်းမရှိဘဲ နှစ်ပေါင်းများစွာထည့်သွင်း ခြင်း ခံခဲ့ရသည်။

ထိုနိုင်ငံစာရင်းသတ် မှတ်ရာတွင်

(၁) Low Income Criterion (ဝင်ငွေနိမ့်ပါးခြင်းကို ထည့်တွက် ခြင်း)၊

(၂) Human Assets Index (HAI) လူသားအရင်းအမြစ်ညွှန်းကိန်း၊

(၃) Economic Vulnerability Index (EVI) စီးပွားရေးညွှန်းကိန်းတို့အပေါ် တွင်အခြေခံ၍ ထည့်သွင်းတွက်ချက် ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေ ဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များအစပြုခဲ့သည့် ၂ဝ၁၁ခုနှစ်နောက် ပိုင်းတွင် LDC စာရင်းမှ လွတ်မြောက် ခွင့်ရနိုင်ရန် ကူညီထောက်ပံ့မှု များစွာရ ရှိခဲ့ကြောင်း Mr Chandra ကဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာ တွင် ''လက်ရှိမြန်မာနိုင်ငံရဲ့အဓိကဝင် ငွေဟာ သဘာဝဓာတ်ငွေ့နဲ့ ကျောက် မျက်ရောင်းရငွေများပေါ်မှာ အဓိကမှီခို နေရပါတယ်။ အဲဒီသယံဇာတတွေကို မြန်မာနိုင်ငံကနေ အဓိကတင်ပို့နေတဲ့ နိုင်ငံတွေကတော့ ထိုင်း၊ တရုတ်နဲ့ စင် ကာပူနိုင်ငံတွေပါပဲ။ ဒီလိုသဘာဝအရင်း အမြစ်တွေကိုရောင်းချပြီး ရပ်တည်နေ ရတဲ့ဘဝက မြန်မာနိုင်ငံလွတ်မြောက် နိုင်ဖို့ LDC နိုင်ငံစာရင်းက ပြန်လည် ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့နည်းလမ်း တွေရှာဖွေနေပါတယ်''ဟု ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံအား ၂ဝ၁၁– ၂ဝ၁၂ခုနှစ်များတွင် အဓိကကူညီပံ့ပိုး ပေးခဲ့သောနိုင်ငံများမှာ ဂျပန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ(EU)နှင့် Global Fund တို့ဖြစ်ကြောင်း UN – OHRLLS အဖွဲ့မှ သိရသည်။

Yangon Media Group

No comments:

Post a Comment