Tuesday, December 2, 2014

ဆေးရုံတွင် လိမ်လည်ကုသစဉ် သွေးဆိပ်တက်၍ သေဆုံး

ရထားလမ်းကို ဖြတ်ကူးစဉ် ရထားဖြင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သည်ကို ဆေးရုံတွင် ပြုတ်ကျသည့် ဒဏ်ရာဟုပြောဆို၍ လိမ်လည် ကုသစဉ် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၁ နာရီဝန်းကျင်က သွေးဆိပ်တက် ရောဂါဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်ထားသည်။

သေဆုံးသူသည် ရထားဖြင့်တိုက်၍ ဒဏ်ရာရရှိခဲ့သည်မှာ နိုဝင်ဘာလ ၂၃ ရက်ကဖြစ်ပြီး ရထားတိုက်မိစဉ်ကလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူရန် သွားမည်ဟု အကြောင်းပြကာ ရှောင်တိမ်း ထွက်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသည့် မြို့ပတ်ရထားသည် လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြားရှိ ရထားလမ်းကူးနေရာ အရောက်တွင် ဖြတ်ကူးသည့် ဆိုက္ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တိုက်မိခဲ့ပြီး ရထားမှာ မိနစ် ၂၀ ခန့် ရပ်နားထားခဲ့ရပြီး ရထားဖြင့်တိုက်မိသည့် ဆိုက္ကားဆရာ ဦးမျိုးမြင့်မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံ ကြီးတွင် ဆေးကူသမှုခံယူမည်ဟုဆိုကာ ရှောင်တိမ်းသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမျိုးမြင့်ကို ပိတောက်ချောင်း နယ်မြေရဲစခန်း က(ပ)၆၈၄/၂၀၁၄၊ မီးရထားအက် ဥပဒေ ပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိခဲ့သည်။

မီးရထားနှင့် တိုက်မိသူ ဦးမျိုးမြင့်မှာ ရန်ကုန်ဆေးရုံကြီးတွင် ပြုတ်ကျ၍ ရရှိခဲ့သည့် ဒဏ်ရာဟု ဆေးရုံတွင် ပြောဆိုကာ ဆေးကုသမှု ခံယူနေစဉ် သွေး အဆိပ်တက် ရောဂါဖြင့် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

ယင်းသေဆုံးသွားခဲ့သဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၉/၂၀၁၄) ပြောင်း လဲဖွင့်လှစ်၍ စစ်ဆေးလျက်ရှိသည်

မဇ္ဈိမ

No comments:

Post a Comment