Wednesday, December 10, 2014

ဘာသာရေးအကြောင်းပြလုပ်စားသူများအား ပညာပေး၍ ပြန်လွှတ်နေ

Photo: ဘာသာရေးအကြောင်းပြလုပ်စားသူများအား ပညာပေး၍ ပြန်လွှတ်နေ
Wednesday, December 10, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း  လူစည်ကားသည့်နေရာများတွင်  ဘာသာရေးအကြောင်းပြကာ လိမ်လည်လုပ်စားသူများကိုမဖမ်းသေးဘဲ ပညာပေးလွှတ်ပေးနေသည်ဟုသတင်းရရှိသည်။

ဖမ်းမိသည့်အလှူခံများကိုလည်း  သက်ဆိုင်ရာဘုန်းကြီး ကျောင်းများတွင်  စစ်ဆေးကာ နောက်နောင်ယင်းကဲ့သို့မပြုလုပ် ရန်မှာကြားပြီး ပြန်လည်လွှတ်ပေး ခဲ့သည်ဟု ဖမ်းဆီးရာ၌ ပါဝင် သည့် ဝိသုဒ္ဓိကျောင်းတိုက်မှ ဆရာတော်တစ်ပါးကမိန့်ကြားသည်။

 ‘‘ဖမ်းဆီးရေးအဖွဲ့ကို လေး ဖွဲ့ဖွဲ့ပြီး ဖမ်းဆီးဖို့လုပ်ထားတယ်။ အဲဒီအဖွဲ့တွေကလည်း တစ်ရက် တည်းမှာလေးနေရာခွဲပြီး ရှာဖွေ ဖမ်းသွားမယ်။ ကျောင်းပိတ်ရက် ဥပုသ်နေ့တွေကလွဲလို့ ကျန်တဲ့ ရက်တွေမှာတော့ တစ်ပတ်ကို အနည်းဆုံးနှစ်ရက်တော့လုပ်သွားဖို့ရှိပါတယ်’’ဟု ကမာရွတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။

ယခင်က ယခုကဲ့သို့ အလှူခံများ  ပေါများလာသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက  သေချာစွာစစ်ဆေးခြင်း မရှိသကဲ့သို့ အလှူခံများမှာလည်း မည်သည့်အတွက်အလှူခံသည် ဟု ပြောဆိုခြင်းမရှိဘဲ ငွေဖလားများနှင့်လော်စပီကာများဖွင့်ကာ အလှူခံနေကြောင်း ရပ်ကွက်နေ ပြည်သူအချို့ကဆိုသည်။

‘‘ဘယ်ဘုရားကြီးအတွက် အလှူခံပါတယ်ဆိုပြီး လာလုပ် စားတဲ့သူတွေရှိတယ်။ ကားပေါ် မှာပဲ သင်္ကန်းတွေဝတ်ပြီး အလှူခံ တာတစ်နှစ်ကိုသုံးခါလောက်လာ တယ်။ သူတို့တွေပဲအလှူခံဖြတ် ပိုင်းတောင် အေဖိုးစာရွက်နဲ့ပေး တာ။ အနည်းဆုံးတော့ ဆွမ်းအလှူဆိုပြီးလေးငါးထောင်တော့ပါ သွားတာပဲ’’ဟု ပုဇွန်တောင်မြို့ နယ်နေကိုမျိုးကပြောသည်။

 ရပ်ကွက်၊ မြို့နယ်များအတွင်း သင်္ကန်းဝတ်များနှင့်အလှူခံသူများရှိသကဲ့သို့ ငွေဖလားများနှင့် အမျိုးသမီးအုပ်စုလိုက်၊ အမျိုးသား၊  အမျိုးသမီးများပူးပေါင်းကာ အရုဏ်ဆွမ်းအတွက်ဟု  အကြောင်းပြပြီး မိုးရွာသည့်ရက်မှအပ ကျန်ရက်များတွင် နေဝင်မိုးချုပ်အလှူ ခံစားသူများလည်းရှိသည်ဟု စမ်းချောင်းမြို့နယ်နေ အငှားယာဉ်မောင်းကိုဝေယံကပြောသည်။

 ‘‘ခုတော့ ဖမ်းဆီးတာတွေ မလုပ်သေးပေမယ့် ဘာသာရေး အကြောင်းပြပြီး  အလှူခံတဲ့သူ တွေကို လိုက်လံစစ်ဆေးနေပြီ။ နောက်ထပ်မလုပ်ဖို့နဲ့ တရားဝင် အလှူခံမယ်ဆိုလည်း  သက်ဆိုင် ရာအထောက်အထားတွေယူခဲ့ဖို့ ပြောထားပါတယ်’’ဟု ဖမ်းဆီးရေးတွင်ပါဝင်သော  ဆရာတော်ကမိန့်ကြားသည်။

ရန်ကုန်တိုင်းအတွင်း ဘာ သာရေးအကြောင်းပြအလှူခံစား သူများကို ဖမ်းဆီးနိုင်ရန် တိုင်း သံဃနာယကအဖွဲ့ဆရာတော် ကြီးများက မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်များ၏ စီမံခန့် ခွဲမှုဖြင့် လုပ်ဆောင်ရန် ညွှန်ကြား ထားသည်ဟု လှိုင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးဦးမြတ်ယုက ပြောသည်။

ဖမ်းဆီးမှုများကို ကမာရွတ်မြို့နယ်တွင် ပထမဆုံး ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသူ မရှိသေးသော်လည်း သတိပေးမှုများပြုလုပ်ထား ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် ယောဂီဝတ်တစ်ဦးကို သတိပေးမိန့်ကြားနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစည်ကားသည့်နေရာများတွင် ဘာသာရေးအကြောင်းပြကာ လိမ်လည်လုပ်စားသူများကိုမဖမ်းသေးဘဲ ပညာပေးလွှတ်ပေးနေသည်ဟုသတင်းရရှိသည်။

ဖမ်းမိသည့်အလှူခံများကိုလည်း သက်ဆိုင်ရာဘုန်းကြီး ကျောင်းများတွင် စစ်ဆေးကာ နောက်နောင်ယင်းကဲ့သို့ မပြုလုပ် ရန်မှာကြားပြီး ပြန်လည်လွှတ်ပေး ခဲ့သည်ဟု ဖမ်းဆီးရာ၌ ပါဝင် သည့် ဝိသုဒ္ဓိကျောင်းတိုက်မှ ဆရာတော်တစ်ပါးကမိန့်ကြားသည်။

‘‘ဖမ်းဆီးရေးအဖွဲ့ကို လေး ဖွဲ့ဖွဲ့ပြီး ဖမ်းဆီးဖို့လုပ်ထားတယ်။ အဲဒီအဖွဲ့တွေကလည်း တစ်ရက် တည်းမှာလေးနေရာခွဲပြီး ရှာဖွေ ဖမ်းသွားမယ်။ ကျောင်းပိတ်ရက် ဥပုသ်နေ့တွေကလွဲလို့ ကျန်တဲ့ ရက်တွေမှာတော့ တစ်ပတ်ကို အနည်းဆုံးနှစ်ရက်တော့လုပ်သွားဖို့ရှိပါတယ်’’ဟု ကမာရွတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။

ယခင်က ယခုကဲ့သို့ အလှူခံများ ပေါများလာသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက သေချာစွာစစ်ဆေးခြင်း မရှိသကဲ့သို့ အလှူခံများမှာလည်း မည်သည့်အတွက်အလှူခံသည် ဟု ပြောဆိုခြင်းမရှိဘဲ ငွေဖလားများနှင့်လော်စပီကာများဖွင့်ကာ အလှူခံနေကြောင်း ရပ်ကွက်နေ ပြည်သူအချို့ကဆိုသည်။

‘‘ဘယ်ဘုရားကြီးအတွက် အလှူခံပါတယ်ဆိုပြီး လာလုပ် စားတဲ့သူတွေရှိတယ်။ ကားပေါ် မှာပဲ သင်္ကန်းတွေဝတ်ပြီး အလှူခံ တာတစ်နှစ်ကိုသုံးခါလောက်လာ တယ်။ သူတို့တွေပဲအလှူခံဖြတ် ပိုင်းတောင် အေဖိုးစာရွက်နဲ့ပေး တာ။ အနည်းဆုံးတော့ ဆွမ်းအလှူဆိုပြီးလေးငါးထောင်တော့ပါ သွားတာပဲ’’ဟု ပုဇွန်တောင်မြို့ နယ်နေကိုမျိုးကပြောသည်။

ရပ်ကွက်၊ မြို့နယ်များအတွင်း သင်္ကန်းဝတ်များနှင့်အလှူခံသူများရှိသကဲ့သို့ ငွေဖလားများနှင့် အမျိုးသမီးအုပ်စုလိုက်၊ အမျိုးသား၊ အမျိုးသမီးများပူးပေါင်းကာ အရုဏ်ဆွမ်းအတွက်ဟု အကြောင်းပြပြီး မိုးရွာသည့်ရက်မှအပ ကျန်ရက်များတွင် နေဝင်မိုးချုပ်အလှူ ခံစားသူများလည်းရှိသည်ဟု စမ်းချောင်းမြို့နယ်နေ အငှားယာဉ်မောင်းကိုဝေယံကပြောသည်

‘‘ခုတော့ ဖမ်းဆီးတာတွေ မလုပ်သေးပေမယ့် ဘာသာရေး အကြောင်းပြပြီး အလှူခံတဲ့သူ တွေကို လိုက်လံစစ်ဆေးနေပြီ။ နောက်ထပ်မလုပ်ဖို့နဲ့ တရားဝင် အလှူခံမယ်ဆိုလည်း သက်ဆိုင် ရာအထောက်အထားတွေယူခဲ့ဖို့ ပြောထားပါတယ်’’ဟု ဖမ်းဆီးရေးတွင်ပါဝင်သော ဆရာတော်က မိန့်ကြားသည်။

ရန်ကုန်တိုင်းအတွင်း ဘာ သာရေးအကြောင်းပြအလှူခံစား သူများကို ဖမ်းဆီးနိုင်ရန် တိုင်း သံဃနာယကအဖွဲ့ဆရာတော် ကြီးများက မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်များ၏ စီမံခန့် ခွဲမှုဖြင့် လုပ်ဆောင်ရန် ညွှန်ကြား ထားသည်ဟု လှိုင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးဦးမြတ်ယုက ပြောသည်။

ဖမ်းဆီးမှုများကို ကမာရွတ်မြို့နယ်တွင် ပထမဆုံး ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသူ မရှိသေးသော်လည်း သတိပေးမှုများပြုလုပ်ထား ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment