Wednesday, December 10, 2014

ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်

Photo: ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Wednesday, December 10, 2014 

ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။

သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်လက်အောက်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်အတွက် အုပ်ချုပ်ရေးမှူးများကို လွတ်လပ်စွာရွေးချယ်ခွင့် အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ သို့ သော် တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများကို ဗဟိုကော်မတီကသာ ရွေးချယ်ရမည်ဟု အလျော့မပေးဘဲ ရှိနေသည်။ အထူးခုံရုံးတစ်ရပ်က ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျရာတွင်ရှိသည့် အဓိကဆန္ဒပြစခန်းမှ အပိုင်းသုံးပိုင်းကို ရှင်းလင်းဖယ်ရှားရန် ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအမိန့် ထုတ်ပြန်ချက်အရ ဆန္ဒပြစခန်းများကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စတင်ရှင်းလင်းမည်ဖြစ်ရာ ဆန္ဒပြသူများအနေဖြင့် ကိုယ်သဘောနှင့်ကိုယ် စခန်းမှ ထွက်ခွာသွားရန် အာဏာပိုင်များက တိုက်တွန်းမည်ဖြစ်သည်။

"တရားရုံးညွန်ကြားချက်က ဆန္ဒပြဧရိယာတစ်ခုကိုရှင်းလင်းဖို့ ပဲဖြစ်တယ်။ တကယ် လို့ သပိတ်စခန်းတစ်ခုလုံးကိုသာ ရှင်းလင်းခဲ့မယ် ဆိုရင် ပြည်သူတွေ ဘက်ကလည်း အကြမ်းဖက်တုံ့ ပြန် လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာ တိုး တက် မှုမှ မရှိဘဲ ဆန္ဒပြမှုတွေကို ရုပ်သိမ်းသွားဖို့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် တို့ ဆန္ဒဖော်ထုတ်နေတာ ၇၃ရက်ရှိပြီ။ သပိတ်လှန် ပစ်ဖို့ အချိန် မတိုင်သေးဘူး လို့ တော့ ကျွန် တော် ထင်တယ်"ဟု အယ်လက်စ်ဟုခေါ်သော အသက် ၂၇နှစ်ရှိ ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP

No comments:

Post a Comment