Sunday, December 28, 2014

စည်ပင်ရွေးကောက်ပွဲဗဟိုကော်မတီအဆင့်တွင် ကိုယ်စားလှယ်လောင်းငါးဦး မဲအပြတ်အသတ်ဖြင့်ဦးဆောင်

စည်ပင်မဲရွေးကောက်ပွဲ တွင် မဲစာရင်းမပါသဖြင့်လာ ရောက်မေးမြန်းသူကို ထိုးကြိတ်ခဲ့ သည့်စွပ်စွဲချက်ဖြင့် ရွှေပြည်သာ မြို့နယ် (ထ-၁၆)ရပ်ကွက်မှကြက်ခြေနီအရာရှိတစ်ဦး လှော် ကားရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခံခဲ့ရကြောင်း သတင်းရရှိ သည်။

မဲပေးခွင့်ရှိသူ အများအပြားကျန်ရှိနေကြောင်း ဝေဖန်ခံနေရသည့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ တွင် ရွှေပြည်သာမြို့နယ်(ထ-၁၆) ရပ်ကွက်မှ ဦးတင်ထွန်းသည် မဲပေးခွင့်မရခဲ့သဖြင့် ဒီဇင်ဘာ၂၇ရက် ညက ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ သွားရောက်မေးမြန်းစဉ် အုပ်ချုပ်ရေးမှူးရုံးထဲရှိ ကြက်ခြေ နီအရာရှိက ၎င်းကို တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း 7Day Daily အား ပြောသည်။

‘‘ကျွန်တော်က ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့ တွေ့တော့ မဲစာရင်း မပါတဲ့အကြောင်းမေးတယ်။ရပ်ကွက်ရုံးထဲက ကြက်ခြေနီက ငါရှင်းပြမယ်လာလာလို့ဆိုပြီး ကျွန်တော့်ကို ခေါင်းနဲ့တိုက်၊ လက်သီးနဲ့ထိုးတယ်’’ဟု ဦးတင်ထွန်းကပြောသည်။

အဆိုပါကြက်ခြေနီအရာရှိ ၏တိုက်ခိုက်မှုကြောင့် မျက်ခုံးကွဲ သွားကြောင်း ဦးတင်ထွန်းကပြော ကြားပြီး လှော်ကားရဲစခန်းသို့အမှုဖွင့်တိုင်ကြားထားသည်ဟု ဆိုသည်။‘‘ဖြစ်တဲ့အချိန်မှာ ကျွန်တော် လည်း ကော်မရှင်ရုံးမှာမရှိဘူး။ မဲ စာရင်းသွားအပ်နေတယ်။ အခု ဖြစ်တဲ့ကိစ္စတွေကိုတော့ ဥပဒေ ကြောင်းအရသွားဖို့တော့ ကျွန် တော့်ဘက်က ရှင်းပြထားတယ်’’ ဟု ရွှေပြည်သာမြို့နယ် (ထ-၁၆)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဦးဇော်မြင့်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍လှော်ကားရဲစခန်းက အတည် ပြုချက်ပေးရန်နှင့် အသေးစိတ် ပြောကြား ရန်ငြင်းဆန်ပြီးစွပ်စွခံ ရသည့် ကြက်ခြေနီအရာရှိက လည်း တစ်စုံတစ်ရာပြောဆိုခြင်း မရှိသေးပေ။

7Day Daily

No comments:

Post a Comment