Friday, December 12, 2014

လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

Photo: လှည်းတန်းခုံးကျော် တံတားပေါ်တွင် ကားသုံးစီးဆင့်တိုက်

ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၄

လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်
ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။

အတိုက်ခံရသည့် အရှေ့မှ ကားပိုင်ရှင်ကမူ ‘‘နောက်ကကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ အဲဒါကြောင့် အရှေ့က ကားကိုတောင် တိုက်မိမှာစိုးလို့ ထိန်းတာတောင်ထိန်းလို့မရဘူး။ တိုက်မိသွားတယ် ’’ဟုပြောသည်။

‘‘လောလောဆယ် တွေ့ရ တာကတော့ နောက်ကားက ရှေ့ကားကို ၀င်တိုက်ထားတာ ပါ။ ဥပဒေအရတော့ နောက်ကား က ရှေ့ကားကို ၀င်တိုက်လို့မရ ဘူး’’ဟု ယင်းယာဉ်တိုက်မှုကို လာ ရောက်စစ်ဆေးခဲ့သည့် ယာဉ်ထိန်းအရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

အဆိုပါကားမှာ နောက်ပိုင်း ပျက်စီးသွားပြီး ကားကို ခုံးတံ တားအဆင်းလမ်းဘေး၌ ရပ်တန့် ထားခဲ့သည်။

သို့သော် ရှေ့ဆုံးကားမှာ မူ အခင်းဖြစ်ပွားသည့် နေရာမှ ထွက်ခွာသွားကြောင်း ယင်းနေရာတွင်ရှိနေသောအငှားယာဉ် မောင်းတစ်ဦးကဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူမရှိပေ။

အဆိုပါ ယာဉ်တိုက်မှုကို ယာဉ်ထိန်းတပ်ဖွဲ့ ထုတ်ပြန် ထားသောဆက်သွယ်ရမည့် ဖုန်းများသို့ ဆက်သွယ်ရာ ဆက်သွယ်၍ မရကြောင်း တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

‘‘၅၀၀၀၀၅ ကိုပဲဆက်လို့ရ တယ်။ တခြားဖုန်းတွေက ဖုန်းကိုမဝင်တာ ဘယ်လိုမှဆက်လို့ မရ ဘူး’’ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး နာရီဝက်ခန့်တွင် ယာဉ်ထိန်းရဲများရောက်လာကာ နောက်ဆုံးမှ တိုက်သောကားအား ကရိန်းဖြင့် သယ်ယူသွားသည်ကို တွေ့ရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားခေါင်းပိုင်းပျက်စီးနေသော အငှားယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
လှည်းတန်းခုံးကျော် တံတားပေါ်၌ ဒီဇင်ဘာ ၁၁ ရက်ည ၈ နာရီခွဲခန့်တွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ပွား ခဲ့သည်။

လှည်းတန်းမှ မြေနီကုန်းသို့ အဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးမှ တိုက်သည့်ယာဉ် ၏ အရှေ့ကိုယ်ထည် တစ်ခုလုံးကြေမွပျက်စီးခဲ့သည်။

‘‘ရှေ့ကကားက ဒက်စ်တော့ အုပ်လိုက်လို့ တိုက်မိတာပါ’’ ဟုနောက်ဆုံးမှတိုက်သည့် အငှား ယာဉ်မောင်းကပြောသည်။



အတိုက်ခံရသည့် အရှေ့မှ ကားပိုင်ရှင်ကမူ ‘‘နောက်ကကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ အဲဒါကြောင့် အရှေ့က ကားကိုတောင် တိုက်မိမှာစိုးလို့ ထိန်းတာတောင်ထိန်းလို့မရဘူး။ တိုက်မိသွားတယ် ’’ဟုပြောသည်။

‘‘လောလောဆယ် တွေ့ရ တာကတော့ နောက်ကားက ရှေ့ကားကို ၀င်တိုက်ထားတာ ပါ။ ဥပဒေအရတော့ နောက်ကား က ရှေ့ကားကို ၀င်တိုက်လို့မရ ဘူး’’ဟု ယင်းယာဉ်တိုက်မှုကို လာ ရောက်စစ်ဆေးခဲ့သည့် ယာဉ်ထိန်းအရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။

အဆိုပါကားမှာ နောက်ပိုင်း ပျက်စီးသွားပြီး ကားကို ခုံးတံ တားအဆင်းလမ်းဘေး၌ ရပ်တန့် ထားခဲ့သည်။

သို့သော် ရှေ့ဆုံးကားမှာ မူ အခင်းဖြစ်ပွားသည့် နေရာမှ ထွက်ခွာသွားကြောင်း ယင်းနေရာတွင်ရှိနေသော အငှားယာဉ် မောင်းတစ်ဦးကဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူမရှိပေ။

အဆိုပါ ယာဉ်တိုက်မှုကို ယာဉ်ထိန်းတပ်ဖွဲ့ ထုတ်ပြန် ထားသောဆက်သွယ်ရမည့် ဖုန်းများသို့ ဆက်သွယ်ရာ ဆက်သွယ်၍ မရကြောင်း တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

‘‘၅၀၀၀၀၅ ကိုပဲဆက်လို့ရ တယ်။ တခြားဖုန်းတွေက ဖုန်းကိုမဝင်တာ ဘယ်လိုမှဆက်လို့ မရ ဘူး’’ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး နာရီဝက်ခန့်တွင် ယာဉ်ထိန်းရဲများရောက်လာကာ နောက်ဆုံးမှ တိုက်သော ကားအား ကရိန်းဖြင့် သယ်ယူသွားသည်ကို တွေ့ရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားခေါင်းပိုင်းပျက်စီးနေသော အငှားယာဉ်ကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment