Friday, December 12, 2014

မန္တလေးတွင်လည်း စည်ပင်ရွေးကောက်ပွဲ ကျင်းပရမည်

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ဆွေးနွေးလျက်ရှိ သော မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ဒီဇင်ဘာ ၁၂ရက်တွင် အတည်ပြုပြဋ္ဌာန်းမည် ဖြစ်၍ လေးလအတွင်း ရွေး ကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်း ထားပြီး မြို့တော်ဝန်၊ အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင် သုံးဦးပါဝင်သော မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဥပဒေသစ်ပြ ဋ္ဌာန်းပြီး လေးလအတွင်း အရပ် သားကိုယ်စားလှယ်များပါဝင် သည့် ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့ စည်းရမည်ဟု ပြဋ္ဌာန်းထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော် မတီမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် အ တည်ပြု ပြဋ္ဌာန်းတော့မည့် မန္တလေးမြို့တော် စည်ပင်သာယာ ရေးဥပဒေကြမ်းတွင် စည်ပင်သာ ယာရေးရွေးကောက်ပွဲကော်မရှင် ဥပဒေအတည်ပြုပြီး ရက် (၃၀)အတွင်း ဖွဲ့စည်းရမည်ဖြစ်ကာ ကော်မရှင် ဖွဲ့စည်းပြီး သုံးလအ တွင်း ရွေးကောက်ပွဲများ ကျင်းပရ မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦး ကြည်ဖေက ပြောသည်။

စည်ပင်ဥပဒေသစ်အရ စည်ပင်သာယာရေးကော်မတီကို ကော်မတီဝင် ၁၃ ဦးဖြင့် ဖွဲ့စည်း မည်ဖြစ်ပြီး ပြည်သူလူထုက ကော် မတီဝင် ခြောက်ဦးအထိ ရွေးချယ် တင်မြှောက်ခွင့်ရရှိမည် ဖြစ်သည်။ကော်မတီဝင် ၁၃ ဦးတွင် မန္တလေး မြို့တော် စည်ပင်သာယာ နယ်နိမိတ်ဖြစ်သည့် မန္တလေးမြို့ပေါ် ခြောက်မြို့နယ်မှ တစ်မြို့နယ်လျှင်တစ်ဦးနှုန်းဖြင့် အရပ်သားကိုယ်စားလှယ်ခြောက်ဦး ပါဝင်ခွင့်ရမည်ဖြစ်ကာ ၎င်းအရပ်သားကိုယ်စား လှယ်ခြောက်ဦးအနက်တစ်ဦးမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုဥက္ကဋ္ဌ (သို့) ဒုမြို့တော်ဝန်ရာထူးရရှိမည်ဖြစ်သည်ဟု ဦးကြည်ဖေက ဆိုသည်။

စည်ပင်သာယာ ဥပဒေအ တည်ပြုမည့် ကိစ္စနှင့် ဥပဒေပါပြ ဋ္ဌာန်းချက်များအရ လာမည့်လေး လအတွင်း စည်ပင်သာယာရွေး ကောက်ပွဲများ ပြုလုပ်ရမည်ဆို သည်တို့ကို ၎င်းတို့အနေဖြင့် သိရှိ ခြင်းမရှိသေးကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

မြို့လူထုအတွက် သောက် သုံးရေ၊ လမ်းတံတား၊ အမှိုက် သိမ်းစနစ် အားနည်းခြင်းများနှင့် စည်ပင်သာယာ ၀န်ထမ်းများ၏ ဆက်ဆံရေးမပြေပြစ်မှုများ၊ မြို့ လူထုစိတ်ဝင်စားမှုများပြားသည့် စီမံကိန်းကြီးများကို ပွင့်လင်းမြင် သာမှု အားနည်းခြင်းများကြောင့် လက်ရှိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအပေါ် မြို့ လူထုက ပြစ်တင်ဝေဖန်မှုများရှိနေသည်။ ဥပဒေပြဋ္ဌာန်းပြီး စည်ပင် သာယာရေးကော်မတီတွင် ပြည် သူ့ကိုယ်စားလှယ်များ ပါဝင်လာ မည်ဆိုလျှင် စည်ပင်သာယာ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုပွင့် လင်းမြင်သာမှုရှိကာ မြို့လူထုအ ပေါ် ကောင်းမွန်သည့် ၀န်ဆောင် မှုပေးနိုင်ရန် မျှော်လင့်မိကြောင်း မန္တလေးမြို့ခံများက ပြောသည်။

‘‘မြို့တော်ဝန် အနေနဲ့က တော့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေထဲကနေ ရွေး ချယ်ခန့်အပ်မယ့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီးပေါ့။ ၀န်ကြီးကပဲ မြို့တော် ၀န်ဖြစ်မယ်။ ကော်မတီအတွင်း ရေးမှူးကို တိုင်းအစိုးရအဖွဲ့က ခန့်အပ်မယ်။ တွဲဖက်အတွင်းရေးမှူး ကိုတော့ လက်ရှိစည်ပင်သာယာ ဌာနကပဲ ခန့်မယ်’’ဟု ပြဋ္ဌာန်းတော့မည့် ဥပဒေပေါ်အခြေခံကာ မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဖွဲ့စည်းမည့် အစီ အစဉ်ကို ဦးကြည်ဖေက ပြောသည်။

အခြားကော်မတီဝင် လေးဦးကိုလည်း အစိုးရအဖွဲ့က ခန့်အပ်မည်ဖြစ်ပြီး မြို့တော်ဝန်၏ အကြံပြုချက်ဖြင့် ဥပဒေပညာရှင်၊ အင်ဂျင်နီယာ၊ ဆရာဝန်နှင့် သစ်တော (သို့) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးစီဖြင့် ခန့်အပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ဥပဒေတွင် ကော်မတီဝင် များ၏ သက်တမ်းကို အစိုးရအဖွဲ့ သက်တမ်းနှင့် ကိုက်ညီကာ ငါး နှစ်သတ်မှတ်ထားပြီး ကော်မတီ ၀င်များ၏ လစာခံစားခွင့်နှင့် ကော်မတီဝင်များ၏ သက်တမ်းကို နည်းဥပဒေတွင် အသေးစိတ် ထည့်သွင်းရေးဆွဲမည် ဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များက ပြော သည်။ ကော်မတီဝင်များနှင့် စည် ပင်သာယာဝန်ထမ်းများ၏ လစာ သုံးစွဲငွေအား မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့ ၀င်ငွေ တစ်ရပ်လုံး၏ ၃၀ ရာခိုင်နှုန်းထက် ပိုမိုသုံးစွဲခြင်းမပြုရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးဥပဒေကို လွန်ခဲ့သည့် တစ်နှစ်ကျော်အချိန်ကတည်းက ရေးဆွဲပြဋ္ဌာန်းရန် မန္တလေးတိုင်း လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သော်လည်း ဥပဒေပြုရေးအခက် အခဲများကြောင့် အချိန်ကြန့်ကြာ နေခဲ့ခြင်း ဖြစ်သည်။

7Day Daily

No comments:

Post a Comment