Saturday, December 6, 2014

နော်ဝေဘုရင်ခရီးစဉ်အတွင်း ဂေါဝိန်ဆိပ်ကမ်းမှ ကျုးကျော်များကို ဖယ်ရှား ခဲ့ခြင်းကို ပြည်ထောင်စုအစိုးရညွှန်ကြားခဲ့ခြင်းမရှိဟု နိုင်ငံတော် သမ္မတရုံး အရာရှိပြော

Photo: နော်ဝေဘုရင်ခရီးစဉ်အတွင်း ဂေါဝိန်ဆိပ်ကမ်းမှ ကျုးကျော်များကို ဖယ်ရှား ခဲ့ခြင်းကို ပြည်ထောင်စုအစိုးရညွှန်ကြားခဲ့ခြင်းမရှိဟု နိုင်ငံတော် သမ္မတရုံး အရာရှိပြော
Saturday, December 6, 2014

နော်ဝေဘုရင်၏ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကြောင်းခရီးစဉ်အတွင်း 
မန္တလေး ဂေါဝိန်ဆိပ်ကမ်းတစ်ဝိုက်မှ ကျူးကျော်အိမ်များကို ဖယ်ရှားသည့်
ကိစ္စမှာ ပြည်ထောင်စုအစိုးရက ခိုင်းစေခဲ့ခြင်းမရှိဘဲ တိုင်းဒေသကြီး အစိုးရ
အဖွဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး လူကြီးခရီးစဉ်ရှိတိုင်း မြင်ကွင်းရှင်းတတ်သည့် အကျင့်များကို အောက်ခြေအဆင့်က မပြင်နိုင်သေးသည်မှာ ပေါ်လွင် နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက သုံးသပ်ပြောကြားလိုက်သည်။

ဂေါဝိန်ဆိပ်ကမ်းတစ်လျှောက်မှ ကျုးကျော်အိမ်များကိုဘူဒိုဇာဖြင့် ထိုး၍ ဖယ်ရှားသည့် ကိစ္စမှာ နော်ဝေဘုရင်နှင့်မိဖုရားတို့ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်းကပ်လျှက် ဒီဇင်ဘာ ၁ ရက်က လုပ်ဆောင်ခြင်းဖြစ်ကာ ယင်းကဲ့သို့ ရွှေ့ ဆိုင်းမှု ကြောင့် ဂေါဝိန်ဆိပ်တခုထဲပင်လျှင် ကျူးကျော် အိမ်ခြေ ၇၀ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂၀၀ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု
သိရသည်။ ယင်းဖြစ်စဉ်အပြီး နော်ဝေဘုရင်က ယင်းဆိပ်ကမ်းကို ကပ်သည့်အချိန်တွင် မြင်ကွင်းတစ်ခုလုံးမှာ အသစ်ပြင်ဆင်ထားသည့်
ပုံစံဖြစ်နေပြီး ဆိပ်ကမ်းတစ်ခုလုံးပြောင်းရှင်းနေကာ နှစ်နိုင်ငံအလံများကို စိုက်ထူထားမှုနှင့် အမြန်လာစိုက်ထားသော ပန်းပွင့်များကို သာမြင်တွေ့ ရသည်ဟု နော်ဝေသတင်းဌာနများက ဓါတ်ပုံများနှင့်တကွရေးသား
ဖော်ပြလာသည်။ " ဒီကိစ္စဟာ ဝမ်းနည်းစရာပါ။ ဒီလိုလုပ်ဖို့ ကျနော်တို့ လုံးလုံး မတောင်းဆိုခဲ့ဘူး" နော်ဝေဘုရင်က ပြောကြောင်း နော်ဝေအသံ
လွှင့်ဌာန NRK က ၄င်းတို့ ၏ ၀က်ဘ်ဆိုက်တွင်ရေးသားလာသည်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်တွင်ပြောဆိုထားမှု၌ ဖျက်သိမ်း ဖယ်ရှားခံရသော အိမ်များအတွက် အံ့အားသင့်မိကြောင်း နှင့် စိတ်ပျက်ဝမ်းနည်းမိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ဖုံးကွယ်ထားရန်မသင့်ဘဲ အရှိအတိုင်းဆက်ဆံစေလိုကြောင်း ၊နော်ဝေဘုရင်နှင့် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အရိုးခံအတိုင်းမြင်ထားပြီး ကူညီလိုစိတ် အပြည့်အ၀ရှိနေကြောင်း ၊ ယင်းကိစ္စအတွက် မြန်မာအစိုးရအားမေးမြန်း သွားမည်ဖြစ်ကြောင်း စသဖြင့် သတင်းဌာနကရေးသားလာသည်။ " အဲဒါက ဘယ်လိုရှင်းပြရမယ်မှန်း တောင် မသိတော့ဘူး ၊ အမှန်အတိုင်း ပြောရရင် အစိုးရအဖွဲ့ က ဒါကို ညွှန်ကြားခြင်းလဲ မရှိသလို ၊ ဒီလိုဖယ်တာကို သိတောင်မသိဘူး ၊ ဒါက တိုင်းဒေသကြီး အစိုးရကိုသာ မေးပြီးတော့ ပြန်လည်ရှင်းပြရမယ့် သဘောဖြစ်နေတယ် " ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောကြားသည်။ နော်ဝေဘက်ကပြောကြားသကဲ့သို့ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှုကို ဖုံးကွယ်သည်ဆိုသည်မှာ မဟုတ်ကြောင်း ၊နိုင်ငံတော်သမ္မတကိုယ်တိုင်က ဆင်းရဲနွမ်းပါးမှုကို ၀န်ခံထားပြီး တိုးတက်အောင်လုပ်ဆောင်မည်ဟု ကတိပြုထားဖူးကြောင်း ယခုဖြစ်စဉ်အပေါ် နော်ဝေနိုင်ငံဘက်က နားလည်လက်ခံအောင်ရှင်းပြရမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

" ဒါက မြန်မာနိုင်ငံရဲ့ အစဉ်အလာလို ဖြစ်နေတဲ့ လူကြီးလမ်းကျောင်းရှိတိုင်း မမြင်သင့်မမြင်အပ်တာတွေဖယ်ရှားတဲ့အကျင့်မျိုးပဲဗျ ၊ ဒီအစဉ်အလာကြီးကို ပယ်ဖျက်စေချင်တယ် ၊ ခုထိ ဒီအစဉ်ကနေ မထွက်နိုင်သေးဘူးဗျာ " ဟု အဆိုပါအရာရှိကဆက်လက်ပြောကြားသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အားမေးမြန်းသွားမည်ဖြစ်ပြီး
နော်ဝေဘုရင်နှင့် နော်ဝေနိုင်ငံတို့ ၏ အထင်လွဲသွားမှု ကိုပြန်လည်ရှင်းပြ
ရမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ ဂေါဝိန်ဆိပ်ကမ်းမှ ကျုးကျော်များကို ယခင်ကတည်းက ဥပဒေနှင့်အညီ ဖယ်ရှားရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ညွှန်ကြားထားပြီးဖြစ်သော်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှုး ရုံးက ယခုကဲ့သို့ နော်ဝေဘုရင်၏ခရီးစဉ်အတွင်းလုပ်ဆောင်ခဲ့ခြင်းမှာ မလုပ်သင့်သော ကိစ္စဟု ရှုမြင်ကြောင်းလည်း ၄င်းကပြောသည်။

Pyimyanmar
နော်ဝေဘုရင်၏ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကြောင်းခရီးစဉ်အတွင်း မန္တလေး ဂေါဝိန်ဆိပ်ကမ်း တစ်ဝိုက်မှ ကျူးကျော်အိမ်များကို ဖယ်ရှားသည့်ကိစ္စမှာ ပြည်ထောင်စုအစိုးရက ခိုင်းစေခဲ့ခြင်းမရှိဘဲ တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး လူကြီးခရီးစဉ်ရှိတိုင်း မြင်ကွင်းရှင်းတတ်သည့် အကျင့် များကို အောက်ခြေအဆင့်က မပြင်နိုင်သေးသည်မှာ ပေါ်လွင်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့် မြင့် အရာရှိတစ်ဦးက သုံးသပ်ပြောကြားလိုက်သည်။
ဂေါဝိန်ဆိပ်ကမ်းတစ်လျှောက်မှ ကျုးကျော်အိမ်များကိုဘူဒိုဇာဖြင့်ထိုး၍ ဖယ်ရှားသည့်ကိစ္စမှာ နော်ဝေ ဘုရင်နှင့် မိဖုရားတို့ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်းကပ်လျှက် ဒီဇင်ဘာ ၁ ရက်က လုပ်ဆောင်ခြင်းဖြစ် ကာ ယင်းကဲ့သို့ ရွှေ့ ဆိုင်းမှု ကြောင့် ဂေါဝိန်ဆိပ်တခုထဲပင်လျှင် ကျူးကျော် အိမ်ခြေ ၇၀ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂၀၀ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။ ယင်းဖြစ်စဉ်အပြီး နော်ဝေဘုရင်က ယင်း ဆိပ်ကမ်းကို ကပ်သည့်အချိန်တွင် မြင်ကွင်းတစ်ခုလုံးမှာ အသစ်ပြင်ဆင်ထားသည့် ပုံစံဖြစ်နေပြီး ဆိပ်ကမ်း တစ်ခုလုံးပြောင်းရှင်းနေကာ နှစ်နိုင်ငံအလံများကို စိုက်ထူထားမှုနှင့် အမြန်လာစိုက်ထားသော ပန်းပွင့် များကို သာမြင်တွေ့ ရသည်ဟု နော်ဝေသတင်းဌာနများက ဓါတ်ပုံများနှင့်တကွရေးသား ဖော်ပြလာသည်။ " ဒီကိစ္စဟာ ဝမ်းနည်းစရာပါ။ ဒီလိုလုပ်ဖို့ ကျနော်တို့ လုံးလုံး မတောင်းဆိုခဲ့ဘူး" နော်ဝေဘုရင်က ပြောကြောင်း နော်ဝေအသံလွှင့်ဌာန NRK က ၄င်းတို့ ၏ ၀က်ဘ်ဆိုက်တွင်ရေးသားလာသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်တွင်ပြောဆိုထားမှု၌ ဖျက်သိမ်း ဖယ်ရှားခံရသော အိမ်များအတွက် အံ့အားသင့်မိကြောင်း နှင့် စိတ်ပျက်ဝမ်းနည်းမိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲ နွမ်းပါးမှုကို ဖုံးကွယ်ထားရန်မသင့်ဘဲ အရှိအတိုင်းဆက်ဆံစေလိုကြောင်း ၊နော်ဝေဘုရင်နှင့် နော်ဝေနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို အရိုးခံအတိုင်းမြင်ထားပြီး ကူညီလိုစိတ် အပြည့်အ၀ရှိနေကြောင်း ၊ ယင်းကိစ္စ အတွက် မြန်မာအစိုးရအားမေးမြန်း သွားမည်ဖြစ်ကြောင်း စသဖြင့် သတင်းဌာနကရေးသားလာသည်။ " အဲဒါက ဘယ်လိုရှင်းပြရမယ်မှန်း တောင် မသိတော့ဘူး ၊ အမှန်အတိုင်း ပြောရရင် အစိုးရအဖွဲ့ က ဒါကို ညွှန်ကြားခြင်းလဲ မရှိသလို ၊ ဒီလိုဖယ်တာကို သိတောင်မသိဘူး ၊ ဒါက တိုင်းဒေသကြီး အစိုးရကိုသာ မေးပြီးတော့ ပြန်လည်ရှင်းပြရမယ့် သဘောဖြစ်နေတယ် " ဟု နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောကြားသည်။ နော်ဝေဘက်ကပြောကြားသကဲ့သို့ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှုကို ဖုံးကွယ် သည် ဆိုသည်မှာ မဟုတ်ကြောင်း ၊နိုင်ငံတော်သမ္မတကိုယ်တိုင်က ဆင်းရဲနွမ်းပါးမှုကို ၀န်ခံထားပြီး တိုးတက် အောင်လုပ်ဆောင်မည်ဟု ကတိပြုထားဖူးကြောင်း ယခုဖြစ်စဉ်အပေါ် နော်ဝေနိုင်ငံဘက်က နားလည်လက်ခံအောင်ရှင်းပြရမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

" ဒါက မြန်မာနိုင်ငံရဲ့ အစဉ်အလာလို ဖြစ်နေတဲ့ လူကြီးလမ်းကျောင်းရှိတိုင်း မမြင်သင့်မမြင်အပ်တာတွေ ဖယ်ရှားတဲ့အကျင့်မျိုးပဲဗျ ၊ ဒီအစဉ်အလာကြီးကို ပယ်ဖျက်စေချင်တယ် ၊ ခုထိ ဒီအစဉ်ကနေ မထွက်နိုင် သေး ဘူးဗျာ " ဟု အဆိုပါအရာရှိကဆက်လက်ပြောကြားသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် ယင်းကိစ္စ အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အားမေးမြန်းသွားမည်ဖြစ်ပြီး နော်ဝေဘုရင်နှင့် နော်ဝေနိုင်ငံတို့ ၏ အထင် လွဲသွားမှု ကိုပြန်လည်ရှင်းပြရမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ ဂေါဝိန်ဆိပ်ကမ်းမှ ကျုးကျော် များကို ယခင်ကတည်းက ဥပဒေနှင့်အညီ ဖယ်ရှားရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ညွှန်ကြားထားပြီးဖြစ် သော်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှုး ရုံးက ယခုကဲ့သို့ နော်ဝေဘုရင်၏ ခရီးစဉ်အတွင်း လုပ်ဆောင် ခဲ့ခြင်းမှာ မလုပ်သင့်သော ကိစ္စဟု ရှုမြင်ကြောင်းလည်း ၄င်းကပြောသည်။

Pyimyanmar

No comments:

Post a Comment