Saturday, December 6, 2014

ဇီဝလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ဝင်သစ် မြန်မာကို အမေရိကန်ကြိုဆို

Photo: ဇီဝလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ဝင်သစ် မြန်မာကို အမေရိကန်ကြိုဆို
Saturday, December 6, 2014

ဇီဝလက်နက် ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ပါဝင်လာခြင်းကို အမေရိကန်အ စိုးရက ကြိုဆိုလိုက်ပြီး မြန်မာ နိုင်ငံအတွက် စာချုပ် အကောင် အထည်ဖော်ရန် လိုအပ်နေသည့် ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများကို အမေရိကန်အစိုးရ က အကူအညီပေးရန် အသင့်ရှိ ကြောင်း သတင်းရရှိသည်။

မြန်မာက စာချုပ်အဖွဲ့ဝင် ၁၇၁ နိုင်ငံမြောက် ဖြစ်လာခဲ့ပြီး နောက် ဂျီနီဗာညီလာခံတွင် ကန် အစိုးရကိုယ်စားလှယ် သံအမတ် ကြီး ရောဘတ်ဝုဒ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ် လာပြီးနောက် စာချုပ်ကို အ ကောင်အထည်ဖော်ရာတွင် လိုက်နာရမည့် မြန်မာပြည်တွင်း ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ လက်တွေ့လေ့ကျင့်မှုများအ ပြင် အခြားသော BWC အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်စပ်နေသည့် ဧရိယာများ၌ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို အကူအညီပေးရန် အသင့်ရှိကြောင်း ကန်ကိုယ်စား လှယ်ရောဘတ်ဝုဒ်က ပြောကြား သည်။

ဒီဇင်ဘာ ၃ ရက်တွင် မြန်မာ က စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသည့် စာချုပ်ကို ဂျီနီဗာ၌ကျင်းပနေသည့် ဇီဝလက်နက် တားဆီးပိတ်ပင် ရေးသဘောတူ စာချုပ်အဖွဲ့ဝင် များအစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့် ကျော်က စာချုပ်ထိန်းသိမ်းသည့် အမေရိကန်၊ ရုရှားနှင့် ဗြိတိန်တို့ ထံ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသည် BWC စာ ချုပ်တွင် လက်မှတ်ရေးထိုးခြင်း ကြောင့် အရေးကြီးသည့် ခြေ လှမ်းသစ်တစ်ခုကို လှမ်းနိုင်ခဲ့ခြင်း အပေါ် အမေရိကန်အစိုးရက လှိုက်လှဲစွာဂုဏ်ယူကြောင်း အမေရိကန်မစ်ရှင် (ဂျီနီဗာ) ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဇီဝလက်နက် တားဆီးပိတ် ပင်ရေး သဘောတူစာချုပ် (BWC)၏ ရည်ရွယ်ချက်မှာ ဇီဝလက်နက်များကို တစ်ကမ္ဘာလုံးက ဆန့်ကျင်တားမြစ်ရန်ဖြစ်ပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ယင်းအချက်ကို စွဲမြဲလိုက်နာကြရမည် ဖြစ်သည်။ ဇီဝလက်နက်အသုံးပြုခြင်းနှင့် လက်ဝယ်ထားရှိခြင်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လက်သင့်မခံဘဲ ဆန့်ကျင်သွားရန်လည်း အဆိုပါစာချုပ်က တိုက်တွန်းထားသည်။

ဇီဝလက်နက် တားဆီးပိတ် ပင်ရေးစာချုပ်မှာ မည်သို့သော နည်းဖြင့် ထုတ်လုပ်ခဲ့သည်ဖြစ်စေ ပေါ်ပေါက်လာသော အဏုဇီဝပိုး မွှားများ (သို့မဟုတ်) ဇီဝအခြေခံ သည့် အဆိပ်များဟုဖြစ်ပြီး ယင်း ပိုးမွှားနှင့် အဆိပ်များကို ရန်ပြုရန် ရည်ရွယ်ချက်(သို့မဟုတ်) လက် နက်ကိုင်ပဋိပက္ခအတွင်း အသုံးပြုရန် လက်နက်ကိရိယာများအဖြစ် စီမံသုံးစွဲခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံက ယခုစာချုပ်တွင် ပါဝင်လိုက်ခြင်းမှာ နိုင်ငံရေးအရ မြန်မာက ဇီဝလက်နက် ကို ဆန့်ကျင်ကြောင်း နိုင်ငံရေး သဘောပြသခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဦးရဲမင်းသိမ်းက ပြောကြားသည်။
စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ် လာပြီးနောက် မြန်မာနိုင်ငံက ဇီဝ လက်နက်တားဆီးရေး သင်တန်း၊ နည်းပညာများ ရရှိရန်နှင့် ဇီဝ လက်နက်သုံးအကြမ်းဖက်မှုများ ကို ကြိုတင်ထောက်လှမ်းနိုင်မည့် စက်ကိရိယာများအပါအ၀င် အ ထောက်အပံ့များကို စာချုပ်အဖွဲ့ ၀င်နိုင်ငံများ ကွန်ရက်နှင့် ချိတ် ဆက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

၂၀၁၃တွင် ပြုလုပ်သော ဇီဝလက်နက်ပိတ်ပင် တားဆီးရေး သဘောတူ စာချုပ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး၌ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နှုတ်ဆက်နေသော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ (ဓာတ်ပုံ - flickr)

၂၀၁၃တွင် ပြုလုပ်သော ဇီဝလက်နက်ပိတ်ပင်တားဆီးရေး သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများ အစည်း အဝေး၌ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နှုတ်ဆက်နေသော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ (ဓာတ်ပုံ - flickr)

ဇီဝလက်နက် ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ပါဝင်လာခြင်းကို အမေရိကန်အစိုးရက ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံအတွက် စာချုပ်အကောင်အထည်ဖော်ရန် လိုအပ် နေသည့် ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများကို အမေရိကန်အစိုးရ က အကူအညီပေးရန် အသင့်ရှိ ကြောင်း သတင်းရရှိသည်။

မြန်မာက စာချုပ်အဖွဲ့ဝင် ၁၇၁ နိုင်ငံမြောက် ဖြစ်လာခဲ့ပြီးနောက် ဂျီနီဗာညီလာခံတွင် ကန်အစိုးရ ကိုယ်စားလှယ် သံအမတ် ကြီး ရောဘတ်ဝုဒ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ် လာပြီးနောက် စာချုပ်ကို အကောင်အထည်ဖော်ရာတွင် လိုက်နာရမည့် မြန်မာ ပြည်တွင်း ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ လက်တွေ့လေ့ကျင့်မှုများအ ပြင် အခြားသော BWC အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်စပ်နေသည့် ဧရိယာများ၌ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို အကူအညီပေးရန် အသင့်ရှိကြောင်း ကန်ကိုယ်စား လှယ်ရောဘတ်ဝုဒ်က ပြောကြား သည်။

ဒီဇင်ဘာ ၃ ရက်တွင် မြန်မာက စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးထားသည့် စာချုပ်ကို ဂျီနီဗာ၌ ကျင်းပနေသည့် ဇီဝလက်နက် တားဆီးပိတ်ပင် ရေးသဘောတူ စာချုပ်အဖွဲ့ဝင် များအစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့် ကျော်က စာချုပ်ထိန်းသိမ်းသည့် အမေရိကန်၊ ရုရှားနှင့် ဗြိတိန်တို့ ထံ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသည် BWC စာ ချုပ်တွင် လက်မှတ်ရေးထိုးခြင်း ကြောင့် အရေးကြီးသည့် ခြေ လှမ်းသစ် တစ်ခုကို လှမ်းနိုင်ခဲ့ခြင်း အပေါ် အမေရိကန်အစိုးရက လှိုက်လှဲစွာဂုဏ်ယူကြောင်း အမေရိကန်မစ်ရှင် (ဂျီနီဗာ) ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဇီဝလက်နက် တားဆီးပိတ် ပင်ရေး သဘောတူစာချုပ် (BWC)၏ ရည်ရွယ်ချက်မှာ ဇီဝလက်နက်များကို တစ်ကမ္ဘာလုံးက ဆန့်ကျင်တားမြစ်ရန်ဖြစ်ပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ယင်းအချက်ကို စွဲမြဲလိုက်နာကြရမည် ဖြစ်သည်။ ဇီဝလက်နက်အသုံးပြုခြင်းနှင့် လက်ဝယ်ထားရှိခြင်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လက်သင့်မခံဘဲ ဆန့်ကျင်သွားရန်လည်း အဆိုပါစာချုပ်က တိုက်တွန်းထားသည်။

ဇီဝလက်နက် တားဆီးပိတ် ပင်ရေးစာချုပ်မှာ မည်သို့သော နည်းဖြင့် ထုတ်လုပ်ခဲ့သည်ဖြစ်စေ ပေါ်ပေါက် လာသော အဏုဇီဝပိုး မွှားများ (သို့မဟုတ်) ဇီဝအခြေခံ သည့် အဆိပ်များဟုဖြစ်ပြီး ယင်း ပိုးမွှားနှင့် အဆိပ် များကို ရန်ပြုရန် ရည်ရွယ်ချက်(သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခအတွင်း အသုံးပြုရန် လက်နက် ကိရိယာများအဖြစ် စီမံသုံးစွဲခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံက ယခုစာချုပ်တွင် ပါဝင် လိုက်ခြင်းမှာ နိုင်ငံရေးအရ မြန်မာက ဇီဝလက်နက် ကို ဆန့်ကျင်ကြောင်း နိုင်ငံရေး သဘောပြသခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး ဦးရဲမင်းသိမ်းက ပြောကြားသည်။

စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ် လာပြီးနောက် မြန်မာနိုင်ငံက ဇီဝလက်နက်တားဆီးရေး သင်တန်း၊ နည်းပညာ များ ရရှိရန်နှင့် ဇီဝ လက်နက်သုံးအကြမ်းဖက်မှုများကို ကြိုတင်ထောက်လှမ်းနိုင်မည့် စက်ကိရိယာများ အပါအ၀င် အထောက်အပံ့များကို စာချုပ်အဖွဲ့ဝင်နိုင်ငံများ ကွန်ရက်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment