Tuesday, December 23, 2014

KIA အဖွဲ့မှ ဘွဲ့ရပညာတတ်များကို လူသစ်အဖြစ် ပစ်မှတ်ထားစုဆောင်းလာ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့အနေဖြင့် လူသစ် အဖြစ် ဖမ်းဆီးခြင်းကို ဘွဲ့ရပညာတတ်များ ကိုအဓိကထား စုဆောင်းရန် KIA အဖွဲ့ဗဟိုဌာနချုပ်မှ ညွှန်ကြားထား ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ၂၁ ရက်နေ့တွင် KIA အဖွဲ့၏ လိုင်ဇာသင် တန်းကျောင်း တွင် တက်ရောက်ခိုင်းရန် အတွက် နယ်မြေ အလိုက်မှ အခြေခံ ပညာ အထက်တန်းနှင့်အထက် အဆင့်ရှိသူများကို အဓိက ပစ်မှတ်ထား ဖမ်းဆီး စုဆောင်းရန် လက်အောက်ခံတပ်ရင်းများနှင့် ဘာသာရေးခေါင်းဆောင် များအား ဖိအားပေး စေခိုင်း ထားကြောင်း အမည် မဖော်လိုသူ နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးမှ ပြောပြသည်။



၎င်းမှဆက်လက်၍ ယခုကဲ့သို့ KIA အဖွဲ့အနေဖြင့် လက်နက်ဖြင့်ခြိမ်းခြောက်ပြီး ဘာသာရေး ခေါင်းဆောင် များအား ဖိအားပေးစေခိုင်းနေမှုများ မှာ ဒေသခံ ကချင်လူမျိုးများ၏ ဘာသာတရား သက်ဝင် ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ် လို၍ ဘာသာရေးခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများအား ခိုင်းစေခြင်းဖြစ်ကြောင်း ပြောသည်။

“ပညာတတ်တဲ့လူငယ်တွေကို KIA ထဲဝင်စေချင်ဆိုရင် အရင်ဆုံး အစိုးရနဲ့ ငြိမ်ချမ်းရေးယူဖို့လိုတာပေါ့၊ ဒါမှလည်း ဒေသဖွံ့ဖြိုးရေး တွေလုပ်လို့ရမှာ၊ ပညာတတ်တွေကလည်း ကိုယ့်ပြည်နယ်အတွက် ပေးဆပ်ချင် တာပေါ့၊ ဒါပေမယ့် KIA ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို သဘောမကျလို့ မ၀င်ခိုင်းပါဘူး” ဟု ဒေသခံ မိဘတစ်ဦးကပြောသည်။

အဆိုပါသတင်းများကြားသိရသောကြောင့်KIAအဖွဲ့နှင့်နီးစပ်ရာမြို့နယ်များနှင့် ကျေး ရွာ များမှ အခြေခံပညာ အတက် တန်း အောင်မြင်ပြီးသော ဒေသ ခံလူငယ် အချို့သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ရွာလူကြီး တစ်ဦးမှပြောကြားသွားသည်။

ဘရန်နော် (မြစ်ကြီးနား)

Kachin Daily News

No comments:

Post a Comment