Tuesday, December 23, 2014

The Yangon Gallery တွင်ပြုလုပ်သော ဝါရင့်ဂန္တဝင်ဂီတအနုပညာရှင်များ စုစည်းတွေ့ဆုံသော အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

The Yangon Gallery မိသားစုနှင့်အင်ပါယာ တေးဂီတအဖွဲ့မှဂီတမှူး ဇော်ဝင်းထွဋ်တို့ ပူးပေါင်းပြုလုပ် သော ဝါရင့်ဂန္တဝင်ဂီတ အနုပညာရှင်များအား စုစည်းတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေ(၆)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်းရှိ The Yangon Gallery ၌ ကျင်းပရာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ The Yangon Gallery မိသားစုများနှင့် ဖိတ်ကြားထားသော ဝါရင့်ဂန္တဝင်ဂီတအနု ပညာရှင်ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားစာပေဆုရ လူမှုထူးချွန်ဝိဇ္ဇာပညာပထမအဆင့်ရ၊ စည်သူဘွဲ့ရ စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဒေါက်တာ ဘိုကလေးတင်အောင် က အနုပညာရှင်များကိုယ်စား ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ တွင် အနုပညာသည် နိုင်ငံတစ်ခု၏ သမိုင်းအစဉ်အလာ ကြီးမားမှုကိုဖော်ပြ ပါကြောင်း၊ မြန်မာမှုနယ်ပယ်တွင် ခေတ်ကာလအဆက်ဆက် သီဆိုဖျော်ဖြေခဲ့ကြ သည့် တေးဂီတများသည်လည်း မြန်မာလူမျိုးတို့၏ စိတ်ဓာတ်များကို အမျိုးမျိုးပြောင်းလဲစေသည့် ရသများကို ပေးစွမ်းနိုင် ကြောင်း၊ မြန်မာသံစဉ်မျိုးဆက် သစ်များ ပေါ်ထွက်လာစေရန် မွေးထုတ်ပေးနိုင်ရန် လည်း လိုကြောင်းနှင့် မိမိတို့သမိုင်း အစဉ်အလာ ကြီးမားမှုပြယုဂ်ကိုဖော်ပြသည့် ရိုးရာယဉ်ကျေးမှုနှင့် အနုပညာ ကို ခိုင်ခိုင်မာမာရှိနေစေရေး အနုပညာရှင်များ အပါအဝင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းလို ပါကြောင်းပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် The Yangon Gallery မှတည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာကို ဝါရင့်ဂီတပညာရှင်ကြီးများနှင့် အတူတစ်ကွ သုံးဆောင်ကြသည်။ 

ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံနေစဉ် အတွင်း ဝါရင့်ဂန္တဝင် ဂီတပညာရှင်င်္ကြီးများက ဂန္တဝင်တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များကလည်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

No comments:

Post a Comment