Thursday, December 11, 2014

သိမ်းငှက်နဲ့ ထိလို့ MAI လေယာဉ်ထိပ်ပိုင်းပွင့်

Photo: သိမ်းငှက်နဲ့ ထိလို့ MAI လေယာဉ်ထိပ်ပိုင်းပွင့်

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

စင်္ကာပူနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခန့်က ခရီးသည် ၁၂၀ ဦး တင်ဆောင်လာတဲ့ Myanmar Airway International (MAI) လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ သိမ်းဌက်နဲ့ ထိမှန်ရာကနေ လေယာဉ်ထိပ်ပိုင်း ပွင့်ထွက်ခဲ့တယ်လို့ အဲဒီလေကြောင်းလိုင်းဆီကနေ သိရှိရပါတယ်။

MAI လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-232 လေယာဉ်အမျိုးအစား A-319 ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီက စင်္ကာပူနိုင်ငံမှ ထွက်ခွာလာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ဖို့ ၁၀ မိနစ်ခန့်အလို အခုလို ဖြစ်ပွားခဲ့တာလို့ MAI ရဲ့ ဈေးကွက်နဲ့ လူမှုဆက်ဆံရေးဌာန မန်နေဂျာ ဒေါ်အေးမရသာက ပြောပါတယ်။

ပဲခူးမြို့ပေါ်ကနေ အမြင့်ပေ ၄၀၀၀ ခန့် ပျံသန်းနေစဉ် သိမ်းငှက်နဲ့ လေယာဉ်ထိပ်ပိုင်း တိုက်မိတဲ့အတွက် တစ်ပေ ပတ်လည်ခန့်ရှိ အပေါက် ပွင့်ထွက်ခဲ့တာလို့ သူက ဆိုပါတယ်။

သိမ်းငှက်နဲ့ တိုက်မိလို့ လေယာဉ်ထိပ်ပိုင်း ပွင့်ထွက်ခဲ့ပေမယ့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အန္တရာယ်ကင်းစွာ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရှိရပါတယ်။

The Voice Weekly

No comments:

Post a Comment