Monday, December 1, 2014

‘၀’ဒေသဖွံ့ဖြိုးရေး အစိုးရနှင့် UWSP ပူးပေါင်းဆောင်ရွက်ရန် စီစဉ်

ရန်ကုန် - ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ နှစ်စဉ်စီမံကိန်းနှင့် ဘဏ္ဍာငွေလျာထားမှုများကို ကူညီပေးမည်ဖြစ်ပြီး ‘၀’ ဒေသစီမံကိန်းများကို အစိုးရအဖွဲ့သို့ တင်ပြရန် သမ္မတရုံးဝန်ကြီးဦးလှထွန်းက ပြောကြားကြောင်း ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) မှ သတင်းရရှိသည်။

နိုဝင်ဘာ ၂၈ ရက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင် သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ သည် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၂) သို့ သွားရောက်၍ မိုင်းလားအထူးဒေသ (၄)နှင့် ‘၀’ အထူးဒေသ (၄)တို့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း UWSP ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောကြားသည်။

‘‘သမ္မတရုံးဝန်ကြီးဦးဆောင် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ဖို့ မိုင်းလားနဲ့ ‘၀’အထူးဒေသ (၂) ကို ရောက်ပါတယ်။ ၀န်ကြီး ဦးလှထွန်းက ဒါပထမဆုံး ဖြစ်တယ်။ ဆွေးနွေးလို့ကောင်းတယ်။ တိုင်းပြည်ဒေသအသီးသီး ဖွံ့ဖြိုး တိုးတက်အောင် နိုင်ငံတော်က စီမံကိန်းတွေ လုပ်ထားတာရှိတယ်။ ဘတ်ဂျက်တွေလည်း ချထား တယ်။ ကျွန်တော်တို့ ‘၀’မှာလည်း ဘာလိုလဲဆိုတာ မေးပြီးတော့ ဒီစီ မံကိန်းတွေကနေ ပူးတွဲပြီး ကူညီ ပေးမယ်လို့ ဦးလှထွန်းက ပြောပါ တယ်’’ဟု ၎င်းက ပြောသည်။

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် အစိုးရနှင့် ငြိမ်းချမ်း ရေးယူထားသည်မှာ ၂၅ နှစ်ကျော်ပြီဖြစ်ပြီး ယင်း ၂၅ နှစ်အတွင်း ငါးနှစ်စီမံကိန်းစီဖြင့် လမ်းဖောက် လုပ်မှုအပါအ၀င် ဒေသဖွံ့ဖြိုးရေး ကို လုပ်ကိုင်ခဲ့ပြီး အစိုးရထံမှ သီး သန့်ဘတ်ဂျက်လျာထားမှုများဖြင့် အကူအညီများမရခဲ့ဘဲ လိုအပ် သည့် အကူအညီများကိုသာ နှစ် ဖက်ခေါင်းဆောင်များကြား ညှိနှိုင်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။

‘‘အခု ဆွေးနွေးမှုမှာတော့ ပန်ဆန်းကနေ ဗဟိုပြုပြီး မိုင်းမော ၊မိုင်းမောကနေ နမ့်တစ်၊ ခွန်းပါ ဒီ လမ်းတွေကို အကျယ်ချဲ့ပြီး ကတ္တ ရာခင်းဖို့ လုပ်နေတယ်။ ဒါတွေကို လည်း နိုင်ငံတော်အစိုးရက ကူညီ ပေးမယ်လို့ ပြောခဲ့တယ်။ နောက် စီမံကိန်းတွေ တင်ပြဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးယူတာ နှစ် ၃၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ခုနစ်နှစ်စီမံကိန်းလုပ်ထားတာရှိတယ်။ ဒါကိုလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တင်ပြဖို့တော့ သူတို့က ပြန်ပြီးညွှန်ကြားတယ်’’ ဟု ၎င်းက ပြောသည်။

သမ္မတရုံးဝန်ကြီးနှင့် တွေ့ဆုံမှုတွင် ဒေသဖွံ့ဖြိုးရေးသီးသန့်ကို သာ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး နှင့် ပတ်သက်၍ နိုင်ငံ့အကြီးအကဲ များနှင့် မူလသဘောတူညှိနှိုင်း ထားသည့်အတိုင်း လက်တွဲပူး ပေါင်းမည်ဖြစ်ကြောင်း ‘၀’အထူး ဒေသ (၄) အတွင်းရေးမှူး ဦးခမ်း မောင်က ပြောကြားသည်။

‘၀’ဒေသမှ တိုင်းရင်းသား များ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းများသို့ တက် ရောက်နိုင်ရေးကိုလည်း နှစ်ဖက် တာဝန်ရှိသူများ ဆွေးနွေးခဲ့သည်။

7Day Daily

No comments:

Post a Comment