Monday, December 1, 2014

ဖေ့စ်ဘွတ်ခ် စာမျက်နှာအတု များကြောင့် ရဲတပ်ဖွဲ့ကို ထိခိုက်ဟု ပြည်ထဲရေး တာဝန်ရှိသူပြော

အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရဲအဖွဲ့အစည်းနှင့်ပတ်သက်သော စာမျက်နှာများက ရဲတပ်ဖွဲ့တစ်ခု လုံးကို ထိခိုက်မှုရှိစေကြောင်း နေ ပြည်တော်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

‘‘ကျွန်တော်တို့မှာ တရားဝင် ဖွင့်ထားတဲ့ Myanmar Police Force ဆိုတဲ့အမည်နဲ့ အွန်လိုင်း ပေါ်မှာ ၀က်ဘ်ဆိုက်ရှိပြီးသား၊ အဲဒီအပေါ်မှာ ရဲသမဂ္ဂတို့ ဘာတို့ ပေါ်လာတဲ့အခါကျတော့ အစိတ် စိတ် အမြွှာမြွှာ ဖြစ်နေတဲ့ ပုံစံဖြစ် နေတယ်။ တခြားနာမည်သုံးတဲ့ ဟာကိုတော့ ဘ၀င်မကျဘူးပေါ့’’ ဟု ရဲမှူးကြီး ၀င်းခေါင်က ဆို သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ဦးချင်း အွန်လိုင်းသုံးစွဲခြင်း ကို တားမြစ်ထားခြင်းမရှိဘဲ လွတ် လပ်စွာ ပြောဆိုခွင့်ပေးထားသော် လည်း လုပ်ငန်းဆိုင်ရာနှင့် ပတ် သက်ပါက ၀န်ထမ်းစည်းကမ်း စည်းမျဉ်းအတိုင်း လိုက်နာရန်လို အပ်ကြောင်း ၎င်းကပြောသည်။

‘‘၀န်ထမ်းစည်းမျဉ်း စည်း ကမ်းဆိုတာ လက်ရှိဒီမှာ ပြောနေ တဲ့ဟာကို မကြိုက်တာလား၊ ကျွန်တော်ရဲ့ မတရားလုပ်မှုကို မကြိုက်တာလား၊ တိုင်လို့ရတယ်၊ လက်အောက်ငယ်သားတွေက အဲဒါတွေကို ကျွန်တော်တို့ရဲ့ အဆင့်မြင့်တဲ့သူကို တိုင်လို့ရတယ်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းမှာသတ်မှတ်ပြီးသား’’ဟု ၎င်းကရှင်းပြသည်။ ပြည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဝေဖန်ခဲ့သည့်အတွက် စီအိုင်ဒီမှ ဒုရဲအုပ်တစ်ဦးကို ၁၇ ရက်ကြာထိန်းသိမ်းခဲ့ပြီး လုပ်သက်တစ်နှစ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

‘‘တိုက်ရိုက်ခံစားရတဲ့သူက လည်း မခံနိုင်ဖြစ်ပြီး တက်ရေး တာဖြစ်မယ်။ ရဲတပ်ဖွဲ့ဝင်ဆို တော့လည်း ခံစားချက်ကို ဦးစား ပေးလို့ မရဘူးလေ’’ဟု အထက် ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ် တစ်ဦးက သုံးသပ်သည်။

7Day Daily

No comments:

Post a Comment