Wednesday, January 21, 2015

ပြည့်တန်ဆာအမှုဖြင့် ဖမ်းဆီးစစ်ဆေးစဉ် တစ်ပတ်ကျော်ကြာမှ အမျိုးသားဖြစ်မှန်းသိ


ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါပုံမြို့နယ်တွင် ပြည့်တန်ဆာအမှုဖြင့် ဖမ်းဆီး စစ်ဆေး နေသည့် အမျိုးသမီးမှာ အမျိုးသားတစ်ဦး ဖြစ်နေသည်ကိုဖမ်းဆီးပြီး တစ်ပတ်ကျော်အကြာတွင် သိခဲ့ရသည်ဟု ဒေါပြုံမို့ မ ရစဲခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီ ခွဲခန့်က ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ဝါဆို ကားမှတ်တိုင်အနီးတွင် ပြည့်တန်ဆာ အလုပ်အတွက်မြှူဆွယ်သွား လာနေသည့် အသက် ၂၀ အရွယ် မသော်တာထွန်း ဆိုသူကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဒေါပုံမြို့မရဲစခန်း၌ ပြည့်တန်ဆာ ဥပဒေပုဒ်မ ၇(၁)(က) ဖြင့်အမှုဖွင့်ပြီး ဒေါပုံမြို့နယ် တရားရုံးသို့ ဇန်နဝါရီ ၁၂ ရက်တွင် တရားစွဲဆိုတင်ပို့ခဲ့ ခြင်းဖြစ်သည်။ ၎င်းအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁၉ ရက်က ဒေါပုံတရားရုံး၌ ထပ်မံ ရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်သို့ ပြန်လည်ရောက် ရှိမှသာ အဆိုပါအဖြစ်မှန်ကို သိရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ဒေါပုံ မြို့မရဲစခန်းစခန်းမှူး ဒု-ရဲမှူး မြင့်လွင်က "ကျွန်တော်ကတော့ တစ်ခါမှ မကြုံဖူးပါဘူး။ တကယ် မိန်းကလေး တစ်ယောက်အတိုင်းပါပဲ။ အင်းစိန် ထောင်ရောက်မှ ယောကျာ်းလေးဖြစ်နေကြောင်း သိရတာပါ။ သူ့မှာ မှတ်ပုံတင် လည်း မရှိဘူ" ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကို ဒေါပုံမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးနေပြီး အမှု အပြီးသတ် စစ်ဆေးပြီးပါက ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဟု ဒု-ရဲမှူး မြင့်လွင်က ဆိုသည်။

Mizzima

No comments:

Post a Comment