Friday, January 23, 2015

ဆရာမနှစ်ဦးအသတ်ခံရမှု အထောက်အထားမရှိဘဲ တပ်မတော် ကျူးလွန်ဟုစွပ်စွဲမှုများ ငြိမ်းချမ်းရေး ထိခိုက်စေနိုင်ကြောင်း ၈၈ငြိမ်း/ပွင့် အဖွဲ့ပြော

ကောင်းခါးကျေးရွာ တွင် လုပ်အားပေး ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု၏ တရားခံ အစစ် မဖော်ထုတ်နိုင်မီ သက်သေအထောက်အထား မခိုင်လုံဘဲ အစိုးရစစ်တပ်က ကျူးလွန်ခြင်း ဟု စွပ်စွဲမှု များသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေနိုင်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးကပြောသည်။

ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရှမ်း ပြည်နယ်(မြောက်)မှ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့်သက် ဆိုင်သည့်သတင်းစာရှင်းလင်းပွဲ ၌ ဦးမြအေးက ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။



ဦးမြအေးက ယခုအချိန်တွင် တရားခံမည်သူဟုအတိအကျ မပြောနိုင်သေးသည့်အတွက် ကြောင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အနေဖြင့် စစ်တပ်ကကျူးလွန် ကြောင်း မစွပ်စွဲခြင်းဖြစ်ပြီးအ ထောက်အထားမဲ့စွပ်စွဲခြင်းများ ကြောင့် လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက် သွားစေနိုင်သည့်အတွက် ရှင်း လင်းပြောကြားရခြင်းဖြစ်ကြောင်း ဆိုသည်။

‘‘တရားခံမဖော်ထုတ်နိုင် သေးခင်မှာ အခြေခံဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာစွဲပြီးတော့ ကျွန်တော်တို့စစ်တပ်ကပါလို့ အထောက်အထားမခိုင်လုံဘဲနဲ့၊ အချက်အလက်မခိုင်လုံဘဲနဲ့ စွပ်စွဲ ခြင်း၊ ဒါမှမဟုတ်လို့ရှိရင် တခြား တစ်ယောက်ယောက်ကပါလို့ အချက်အလက်မခိုင်မာဘဲ စွပ်စွဲ ခြင်းများဟာ နိုင်ငံရဲ့ငြိမ်းချမ်းရေး ကိုထိခိုက်သွားမှာ အလွန်စိုးရိမ် ပါတယ်’’ဟု ဦးမြအေးကပြော သည်။

ထို့အပြင် အဆိုပါအမှုသည် သာမန် ရာဇဝတ်မှုမဟုတ်ဘဲ အစိုးရနှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်စေနိုင်၍ တရား ခံအစစ်အမှန်ကို အမြန်ဆုံးဖော် ထုတ်အရေးယူပေးရန်လည်း ၈၈မျိုးဆက် (ငြိမ်း/ပွင့်) ခေါင်းဆောင်များကဆိုသည်။

‘‘နိုင်ငံရေးအရတွေးမယ်ဆို ရင် မြန်မာပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ထိခိုက်သွား စေနိုင်တဲ့အထိ ဖြစ်ပွားနိုင်ပါ တယ်။ ဒါကြောင့် တိုက်တွန်းချင် တာက တရားခံသည် စစ်တပ်က ဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်နက် ကိုင်ထားတဲ့တပ်ဖွဲ့တစ်ခုခုကပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြည်သူဆိုတဲ့ အရပ်သားတွေထဲကပဲဖြစ်ဖြစ် ကျူးလွန်တဲ့တရားခံကို တိတိ လင်းလင်းဖော်ထုတ်ပြီး ဥပဒေ အရ တိတိလင်းလင်းပြတ်ပြတ် သားသားအရေးယူဆောင်ရွက်ဖို့ လိုတယ်လို့မြင်ပါတယ်’’ဟု ဦးမြ အေးကဆက်လက်ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များအရ အမျိုးသမီးများအနေဖြင့် စစ်မက် ဖြစ်ပွားရာဒေသများသို့ သွား ရောက်၍ လုပ်ငန်းဆောင်ရွက်လို ပါက သက်ဆိုင်ရာက ၎င်းတို့၏ လုံခြုံရေးကို အာမခံချက်ပေးရ မည်ဖြစ်ကြောင်းလည်း ၈၈ မျိုး ဆက်(ငြိမ်း/ပွင့်) မှ လူ့အခွင့်အရေး တာဝန်ခံ ဦးပြုံးချိုက ထောက်ပြ သည်။

‘‘အဲဒီဝတ္တရားတွေ ပျက် ကွက်နေတဲ့အနေအထားမှာ ဂုဏ်သိက္ခာကို ကိုယ်မြှင့်ချင်တဲ့ အနေအထားအရသော်လည်းကောင်း၊ တာဝန်ရှိတဲ့အစိုးရအဖွဲ့အ စည်းအသီးသီးသော်လည်းကောင်း ဒီကိစ္စကိုအမြန်ဆုံးဖော်ထုတ်ပြီး တာဝန်သိသိနဲ့ ပြည်သူကို အ စီရင်ခံပါလို့ ကျွန်တော်တို့ တိုက် တွန်းချင် ပါတယ်’’ဟု ဦးပြုံးချို ကဆိုသည်။

ရှမ်းပြည်နယ်(မြောက်) ကြူ ကုတ်မြို့နယ်ခွဲ ကောင်းခါးကျေး ရွာတွင် ကချင်နှစ်ခြင်းအသင်း တော် (KBC) အစီအစဉ်ဖြင့် ကလေးငယ်များအား အခမဲ့ပညာ သင်ကြားပေးနေသော ကချင် တိုင်းရင်းသူ ကျောင်းဆရာမနှစ်ဦး ၏အလောင်းကို ဇန်နဝါရီ ၂၀ ရက်နံနက်က ၎င်းတို့အိမ်ခန်း အတွင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုကို နယ်မြေခံအစိုးရ တပ်မှ ကျူးလွန်ကြောင်း စွပ်စွဲ မှုများထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါကျောင်းဆရာမနှစ် ဦးအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်နှင့် ဆုတောင်းပွဲ ကို မဟာဗန္ဓုလပန်းခြံရှေ့၌ ဇန်နဝါရီ ၂၃ ရက်နံနက်တွင် ပြု လုပ်မည်ဟု အမျိုးသမီးတက်ကြွ လှုပ်ရှားသူ ဒေါ်စူဇန်နာလှလှစိုးကရှင်းလင်းပွဲ၌ပြောသည်။

7Day Daily

No comments:

Post a Comment