Wednesday, January 7, 2015

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကုလနှင့် နိုင်ငံကြီးအချို့ပါဝင်ရန် ငြိမ်းပွင့်နှင့် ကေအိုင်အိုလိုလား

ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ကုလနှင့် နိုင်ငံကြီးအချို့ ပါဝင်နိုင်ရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကေအိုင်အိုအလုပ်အဖွဲ့ (TAT)တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၅ ရက်ညနေတွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) မှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးဦးဆောင် သော အဖွဲ့နှင့် ကေအိုင်အေမှ ဒုဗိုလ်မှူးကြီး နောလီ ပါဝင်သောTAT တို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ကေအိုင်အိုဘက်မှ နောက်ကြောင်းပြန်မလှည့်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ လိုလားပြီး ဆွေးနွေးပွဲများ၌ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးအချို့ ပါဝင်စေရန် ဆွေးနွေးခဲ့သည်။ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)က ဒီမိုကရက်တစ်ပြည်ထောင်စုကို ဦးတည်သော ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် တိုးတက် မှုများရရှိလာစေရန် ပြန်လည်ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT)တို့ သတ္တမအကြိမ်ဆွေးနွေးပွဲတွင် တိုးတက်မှုများရရှိစေရန် အဓိကထားဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment