Tuesday, January 6, 2015

နှစ်နှစ်ဆက်တိုက်စာမေးပွဲကျသော နည်းပညာတက္ကသိုလ် COE ကျောင်းသားများ နည်းပညာတက္ကသိုလ်များ၏ ကျောင်းသားစာရင်းမှ ပယ်ဖျက်ခြင်းခံရမည်ဟုဆို

နည်းပညာ တက္ကသိုလ် COE ကျောင်းများတွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများသည် နှစ်နှစ်ဆက် တိုက်စာမေးပွဲကျရှုံးပါက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်များအားလုံး ၏ ကျောင်းသား စာရင်းမှပယ်ဖျက် ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နည်းပညာတက္က သိုလ် COE ကျောင်းများကို နိုင်ငံ တကာအဆင့်သို့ ရောက်ရှိရန် ဆောင် ရွက်နေခြင်းဖြစ်ရာ နိုင်ငံတကာအ ရည်အသွေး စံသတ်မှတ်ချက်များကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအတွက်နိုင်ငံတကာအရည် အသွေးအစစ်ဆေးခံနိုင်ရန်အတွက် စာမေးပွဲ စစ်ဆေးခြင်း များကိုလည်း ကန့်သတ်ထားကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

''ကျွန်တော်တို့မှာစနစ်ရှိတယ်။ ကျွန်တော်တို့နည်းပညာတက္ကသိုလ် COE ကျောင်းတွေမှာ ခြောက်နှစ် တက်ရတဲ့အတန်းကို အများဆုံး ၁ဝ နှစ်ပဲတက်ရတယ်။ ၁ဝနှစ်ဆိုတာက လည်းအကန့်အသတ်မရှိ ၁ဝနှစ် တက်ရတာမဟုတ်ဘူး။ ကျောင်းသား စာရင်းက ပယ်ဖျက်ခံရတဲ့ကျောင်း သားတွေက အဝေးသင်တက္ကသိုလ် မှာပဲ အသနားခံစာတင်ပြီး ဆက် တက်လို့ရတော့မယ်။ ဒီလိုလုပ်ရတာ လဲ အရည်အသွေးစိစစ်ဖို့အတွက်ပဲ''သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
နည်းပညာတက္ကသိုလ် COE ကျောင်းများတွင် လက်ရှိပြုလုပ်ထား သောစာမေးပွဲစနစ်မှာ ပထမနှစ်အား အများဆုံးနှစ်နှစ်သာတက်ရောက်နိုင်ပြီး၊ ဒုတိယနှစ်နှင့်တတိယနှစ်ကို သုံးနှစ်သာ အများဆုံးတက်ရောက် နိုင်ကြောင်း၊ စတုတ္ထနှစ်နှင့်ပဉ္စမနှစ် ကို သုံးနှစ်တက်ရောက်နိုင်ပြီး နောက် ဆုံးနှစ်ကို နှစ်နှစ်တက်ရောက်နိုင်သည်။
''ကျွန်တော်တို့ကျောင်းမှာ အ ပိုင်းအလိုက်ကို သတ်မှတ်ထားတဲ့ နှစ်တွေအတွင်းမှာ အောင်အောင်မ ဖြေနိုင်ရင် ကျောင်းကထွက်ရတယ်။ တခြားတိုင်းပြည်မှာလဲ ဒီလိုပဲ လေး နှစ်တက်ရတဲ့ကျောင်းကို အများဆုံး ခုနစ်နှစ်အထိပဲ တက်လို့ရတယ်''ဟု ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါ မောက္ခဌာနမှူးဒေါက်တာဥာဏ်မြင့် ကျော်က ပြောသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် တွင် သတ်မှတ်ထားသောနှစ်အ တွင်း စာမေးပွဲကိုအောင်မြင်စွာဖြေ နိုင်ခြင်းမရှိသည့် ကျောင်းသားနှစ်ဦး ကို ကျောင်းသားစာရင်းမှပယ်ဖျက် ခဲ့ကြောင်း၊ ယင်းသို့ပယ်ဖျက်ခြင်းကို လည်းကျောင်း၏မြင်သာသော ကြော် ငြာဘုတ်များတွင် ကပ်ထားကြောင်း၊ ယင်းကျောင်းသားများမှာ ရန်ကုန် နည်းပညာတက္ကသိုလ် စတင်ဖွင့်လှစ် စဉ်က တက်ရောက်ခဲ့သော ကျောင်း သားများဖြစ်ကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာ နလက်အောက်တွင် ဖွင့်လှစ်ထားသည့် အင်ဂျင်နီယာပညာရေးနှင့် ပတ်သက် သော COE ကျောင်းနှစ်ခုမှာ ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့ဖြစ်သည်။
ATK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group

No comments:

Post a Comment