Tuesday, January 13, 2015

နေပြည်တော် အရာရှိဝန်ထမ်းအိမ်ရာအချို့ ဖောက်ထွင်းခံနေရ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရအရာရှိ များနေထိုင်သည့် ဝန်ထမ်း အိမ်ရာ များတွင် နေ့လယ်ဘက်တွင် ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။

‘‘ဝန်ထမ်းတွေမရှိတဲ့ နေ့ လယ်ခင်းမှာ ဝင်ခိုးတာ။ ယူတာ တောင် တခြားပစ္စည်း တွေမယူ ဘူး။ ရွှေနဲ့ငွေကိုပဲ အဓိကခိုးယူကြတယ်’’ဟု ငွေကျပ်၁၅ သိန်း ဖောက်ထွင်းခံရသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
အစိုးရဝန်ထမ်းအိမ်ရာများ ရှိ တံခါးပတ္တာများမှာ ခိုင်ခံ့မှု မရှိခြင်း၊ နေ့ခင်းဘက်လူပြတ် ခြင်း၊ လုံခြုံရေးမရှိခြင်း စသည့် အားနည်းမှုများရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအိမ်ရာတွင် ခြောက်နှစ်ကြာနေထိုင်သူတစ်ဦး ကပြောသည်။



‘‘ယေဘုယျတိုက်တစ်တိုက် မှာ အခန်း ၁၆ ခန်းရှိတယ်။ တိုက် ခန်းတစ်ဝက်လောက်မှာ မိသားစု မရှိကြဘူး။ ရှိတော့လည်း အမျိုး သမီးအနည်းငယ်ပဲရှိတယ်။ ဝန် ထမ်းတွေအလုပ်သွားကြတော့ ဘယ်သူမှမရှိတော့ဘူး။ ဈေး သည်တွေ၊ ဆိုင်ကယ်ကယ်ရီဆွဲ သူတွေ၊ ကယ်ရီသမားတွေပဲကျန် တော့တာ’’ဟု ၎င်းက ပြောသည်။
အစိုးရဝန်ထမ်းအိမ်ရာများ နှင့် ဝန်ကြီးဌာနများတွင် ဈေး သည်များမရောင်းရ၊ ဆိုင်ကယ် ကယ်ရီများမဆွဲရ အမိန့်ထုတ်ပြန် ထားသော်လည်း ဝင်ရောက်မှုရှိ နေပြီး ထိုသူများလည်းဖြစ်နိုင် ကြောင်း ဝန်ကြီးဌာနတစ်ခု၌ တာဝန် ထမ်းဆောင်နေသော ဒုညွှန်ကြားရေးမှူးတစ်ဦးက ဆို သည်။
ဇန်နဝါရီလဆန်းမှစတင်၍ ဝန်ထမ်းအိမ်ရာများတွင် ဖောက် ထွင်းမှုသုံးခုဖြစ်ပွားခဲ့ပြီး အမှုတစ် ခုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကာ ကျန်သည့်အမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း ဒုရဲမှူးကြီးဇော်ခင် အောင်က ပြောသည်။

‘‘အိမ်ရာတစ်ခုချင်းစီကို လှည့်ပြီးဖောက်ထွင်းတာ။ ပြီး တော့ အိမ်ရဲ့အခြေ အနေအားလုံး စောင့်ကြည့်ပြီး ချောင်ကျတဲ့အစွန်ကျတဲ့နေရာတွေရွေးပြီး ဖောက်ထွင်းတာ။ တချို့ဝန်ထမ်း တွေအနေနဲ့ကလည်း အမှုမဖွင့် ချင်လို့ ထားလိုက်ရတဲ့အမှုတွေ လည်းရှိတယ်’’ဟု ဖောက်ထွင်းခံ ရသည့် ဝန်ထမ်းတစ်ဦးက ဆို သည်။ ၂၀၁၄ နှစ်သစ်ကူးမှစတင်၍ ဝန်ထမ်းအိမ်ရာများတွင် နေ့ခင်း ဘက် ဖောက်ထွင်းမှုများပြန်လည် ဖြစ်ပွားနေပြီး ရဲဝန်ထမ်းများအနေ ဖြင့်လည်း နေ့ဘက်လှည့် ကင်း များဖြင့် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေသည်ဟု နေပြည် တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ မှူးကြီး ဇော်ခင်အောင်က ပြော သည်။ အစိုးရဝန်ထမ်းအိမ်ရာများ တွင် နေ့ခင်းဘက် ရွှေ၊ ငွေ အဓိ ကခိုးယူခံရပြီး ညတွင်လည်း ဆိုင်ကယ်များ ထပ်မံအခိုးခံနေ ကြရကြောင်း ဝန်ထမ်းအချို့က ပြောသည်။

နေပြည်တော်ရှိ ဆိုင်ကယ် ခိုးယူခံရမှုသည်လည်း ဝန်ထမ်း အိမ်ရာများတွင် အများဆုံးဖြစ် ပွားပြီး ခိုးယူမှုတွင်လည်း ရွှေ့ပြောင်းလုပ်သားများက အများ ဆုံးကျူးလွန်ကြောင်း ဒုရဲမှူးကြီး ဇော်ခင်အောင်ကပြောသည်။
၂၀၁၄ခုနှစ်က နေပြည်တော်တွင် အမှုကြီး ၇၂ ခု၊ ခိုးယူမှု ၂၄၃ ခု၊ ဆိုင်ကယ် ခိုးယူမှု ၈၃ ခု ဖြစ်ပွားခဲ့ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် ထားသည်။

7Day News Journal

No comments:

Post a Comment