Tuesday, January 13, 2015

မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး


Photo: မက်ဆီ နျူအာတို့ကို မဲအပြတ်အသတ် အသာယူပြီး ကမ္ဘာ့အကောင်းဆုံးဆု ရော်နယ်ဒို ဆွတ်ခူး

ဇန်န၀ါရီလ ၁၃ ရက်၊ ၂၀၁၅

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာတို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

၂၀၁၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပြီး သူ့အတွက် ကစားသမားဘဝမှာ ၃ ကြိမ်မြောက် ဆုရခဲ့ခြင်း ဖြစ်လာပါတယ်။ ရော်နယ်ဒိုကို အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ဆုချီးမြင့်ခဲ့ပြီး ရော်နယ်ဒိုက စိတ်ခံစားမှုကို သိမ်းမထားတတ်တဲ့ သူ့အကျင့်အတိုင်း စင်ပေါ်မှာ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဝုဖ်ဘတ် ကွင်းလယ်လူ ကက်စလာက ဆွတ်ခူးသွားပါတယ်။ ဂျာမနီအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဂျိုအာချင်လိုက အကောင်းဆုံး အမျိုးသားနည်းပြဆု ရခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆက် ရယူပေးနိုင်ခဲ့တဲ့ ဝုဖ်ဘတ်နည်းပြ ကယ်လာမန်ကတော့ အကောင်းဆုံး အမျိုးသမီးနည်းပြဆု ရခဲ့ပါတယ်။ ဥရုဂွေးဘက်ကို မြေမကျကန်သွင်းခဲ့တဲ့ ကိုလံဘီယာ တောင်ပံကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ဂိုးက တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုရခဲ့ပါတယ်။

Nz ရိုးရာလေး
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီ နျူအာတို့ကို ကျော်ဖြတ်ပြီး ၂၀၁၄ ခုနှစ်အတွက် ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ၆၁ ဂိုး သွင်းနိုင်ခဲ့ပြီး ရီးရဲလ်နဲ့အတူ ဖလားသုံးလုံး ရခဲ့တဲ့ ရော်နယ်ဒိုဟာ မဲ ၃၇.၆၆ ရာခိုင်နှုန်းနဲ့ မက်ဆီ နျူအာ  တို့ကို အပြတ်အသာ ရခဲ့တာဖြစ်ပါတယ်။ မက်ဆီက ၁၅ . ၇၆ ရာခိုင်နှုန်းပဲ မဲရခဲ့သလို နျူအာ ကလည်း ၁၅ . ၇၂ ရာခိုင်နှုန်းပဲ မဲရခဲ့ပါတယ်။

၂၀၁၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့တဲ့အတွက် ရော်နယ်ဒိုဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပြီး သူ့အတွက် ကစားသမားဘဝမှာ ၃ ကြိမ်မြောက် ဆုရခဲ့ခြင်း ဖြစ်လာပါတယ်။ ရော်နယ်ဒိုကို အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ဆုချီးမြင့်ခဲ့ပြီး ရော်နယ်ဒိုက စိတ်ခံစားမှုကို သိမ်းမထားတတ်တဲ့ သူ့အကျင့်အတိုင်း စင်ပေါ်မှာ အော်ဟစ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဝုဖ်ဘတ် ကွင်းလယ်လူ ကက်စလာက ဆွတ်ခူးသွားပါတယ်။ ဂျာမနီအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဂျိုအာချင်လိုက အကောင်းဆုံး အမျိုးသားနည်းပြဆု ရခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆက် ရယူပေးနိုင်ခဲ့တဲ့ ဝုဖ်ဘတ်နည်းပြ ကယ်လာမန်ကတော့ အကောင်းဆုံး အမျိုးသမီးနည်းပြဆု ရခဲ့ပါတယ်။ ဥရုဂွေးဘက်ကို မြေမကျကန်သွင်းခဲ့တဲ့ ကိုလံဘီယာ တောင်ပံကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ဂိုးက တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုရခဲ့ပါတယ်။

Nz ရိုးရာလေး

No comments:

Post a Comment