Wednesday, January 7, 2015

မောင်တောနယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှဝင်ရောက်ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများအတွက် အိမ်အလုံး ၅၀အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်

မောင်တောနယ်စပ် ဒေသသို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုမိသားစုဝင်များ အတွက် နေအိမ်အလုံး ၅၀ ကို အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်ဖြစ်ကြောင်း နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။



အသစ်တည်ဆောက်မည့် နေအိမ်မှာ အိပ်ခန်းနှစ်ခန်းအပါ အ၀င် အိမ်မ (၂၀)ပေ၊ အိမ်သာ (၆)ပေ၊ မီးဖိုခန်း (၆)ပေဖြစ်ပြီး ခွင့်ပြုငွေမှာ အိမ်တစ်လုံးအတွက်ကျပ် သိန်း ၅၀ ကုန်ကျကြောင်း သတင်းရရှိသည်။

မောင်တောနယ်စပ်ဒေသ သို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက်လာ သည့် ရခိုင်မျိုးနွယ်စုမိသားစုဝင် များ ယာယီနေထိုင်နိုင်ရန် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၃၇၉)လုံးကို မောင်တောဒေသ တွင် တည်ဆောက်ပေးထားပြီး ဘူးသီးတောင်မြို့နယ်တွင် အိမ်အလုံး ၆၀ တည်ဆောက်နေရာချပေး ထားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ဒေသတွင်း ပဋိပက္ခများကြောင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်း သားမျိုးနွယ်စုများမှာ မောင်တော နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြပြီး ယခုထိ ဆက်လက် ၀င်ရောက်ဆဲဖြစ်ကြောင်း မိသားစုဝင်များအရေး ဆောင်ရွက်ပေးနေသည့် ဗဟိုကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။ မိသားစုဝင်များအတွက် နေရာထိုင်ခင်း စီစဉ်ပေးနေသော်လည်း စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမှု မရှိသေးကြောင်း လူမှုကူညီ စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မောင်တောခရိုင်အမျိုးသား ကူညီ စောင့်ရှောက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောကြားသည်။

7Day Daily

No comments:

Post a Comment