Friday, January 2, 2015

၂၀၁၄ မှာ တိုက်ပွဲအနည်းဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးနှစ်ဖြစ်

၂၀၁၄ သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ စတင်သည့် အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

၂၀၁၄ နိုင်ငံတော်အခြေအနေနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြချက်တွင် သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိတွေ့မှုများမှာ ၀မ်းနည်းစရာ ဖြစ်ရပ်များကို ပေါ် ပေါက်စေခဲ့သော်လည်း ၂၀၁၄ သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများစတင်ခဲ့သည့် အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးနှင့် အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းဆုံးရှုံးမှုအရ လက်ရှိကာလအထိ အနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သမ္မတက ပြောကြားခဲ့သည်။



တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ခပ်စိပ်စိပ်ပြုလုပ်ခဲ့သော ၂၀၁၄ အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခ ၂၄၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Myanmar Peace Monitor စစ်တမ်းများတွင် ဖော်ပြသည်။ လက် နက်ကိုင် ပဋိပက္ခအကြိမ်ရေ ၂၀၀ ခန့်ဖြစ်ပွားခဲ့သော ၂၀၁၃ နှင့် နှိုင်း ယှဉ်ပါက ၂၀၁၄ တွင် ပဋိပက္ခဖြစ်ပွားမှု ပိုမိုများပြားခဲ့သည်။

၂၀၁၄ အတွင်း အစိုးရ တပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ် မတော် (PSLF/TNLA)တို့ တိုက်ပွဲနှင့် ထိတွေ့မှုအများဆုံးဖြစ်ပွားခဲ့ သည်။ ထို့အပြင် ရှမ်းပြည်တပ်မ တော်မြောက်ပိုင်း (SSPP/SSA)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSP)၊ ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့လည်း အစိုးရတပ်နှင့် တိုက် ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ က တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူညီချက်အတွက် ဆက်လက်ညှိနှိုင်းစရာ အချက်အနည်း ငယ်ကို ညှိနှိုင်းပြီးပါက လက်မှတ် ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အကြံပေးဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ‘‘ဆက်လက်ညှိနှိုင်းအဖြေရှာ သွားရမှာပါ။ ကျွန်တော်တို့က ရော၊ အစိုးရဘက်ကရော နိုင်ငံ တကာကပါ ငြိမ်းချမ်းရေးကို အား လုံးလိုချင်နေတဲ့ အချိန်ဖြစ်ပါတယ်’’ဟု ဆိုသည်။

7Day Daily

No comments:

Post a Comment